" ငါတို့ အုပ်စုလိုက်ဓါတ်ပုံရိုက်ကြရအောင်လေ "
ပြည့်ဖြိုးသူက ဆော်ဩတာမို့ သူတို့အကုန်လုံးစုဝေးလျက် ပို့စ်ပေးကြလေသည်။ အကုန်လုံး မတိုင်ရပါပဲ ပြိုင်တူပေးလိုက်ကြသည်က ဘာလာလာ လက်နှစ်ချောင်းပို့စ် ✌️
သူရိန်က ဘေးမှာရှိတဲ့ ဇေယျာ့ခေါင်းပေါ်မှာ လက်နှစ်ချောင်းထောင်ပြီး ဖုန်းကင်မရာဘက်ကို ပြုံးကြည့်နေလေသည်။ ခေါင်းလေးကိုလည်း ဇေယျာ့ဘက်ကို စောင်းထားရင်းနှင့် ...
မင်းမြတ်တို့ကတော့ရှင်းသည်။ သန့်ပိုင်ကို သူ့ရှေ့မှာရပ်ခိုင်းပြီး ရင်ခွင်ထဲထည့်ထားကာ လက်နှစ်ချောင်းထောင်လာ၏။
ခန့်ဇော်နဲ့ ညီမင်းတို့နှစ်ယောက်မှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘေးချင်းယှဉ်ရပ်လိုက်ကာ ဓါတ်ပုံရိုက်ခါနီးမှ ခန့်ဇော်က ညီမင်းရဲ့ပုခုံးကိုသိုင်းဖက်ရင်း လက်နှစ်ချောင်းထောင်ပြလေသည်။
မိန်းကလေးသုံးယောက်ကတော့ ရှေ့မှာရပ်နေကြတာဖြစ်သည်။ ပြည့်ဖြိုးသူက အလယ်မှာရပ်ပြီး ကျန်နှစ်ယောက်က ဘေးတစ်ဖက်တစ်ချပ်ဆီမှာဖြစ်ကာ ပြည့်ဖြိုးသူဘက်ကို ခေါင်းလေးစောင်းထားကြသည်။
ဆယ်ကျော်သက်လေး ကိုးယောက်၏ အမှတ်တရဓါတ်ပုံလေးသည် အနှီလူသားလေးတွေ အရွယ်ရောက်သည့်အချိန်ထိ ထိန်းသိမ်းထားကြမည့် မမေ့နိုင်စရာ အမှတ်တရကောင်းလေးပင်ဖြစ်ပါ၏။
~~~~~~~~~~~~~
" သူရိန် ... ယျာယျာ သင်္ချာတွေမရသေးဘူး "
ရှားရှားပါးပါး ဇေယျာလင်းထက်တစ်ယောက် သူ့ရည်းစားကိုချွဲနေခြင်း ...
" ဘယ်ပုစ္ဆာမတွက်တတ်တာလဲ။ ကိုယ် Video call လှမ်းခေါ်လိုက်မယ်နော် "
ဖုန်းကိုချလိုက်ပြီး messenger ထဲဝင်ကာ ဇေယျာ့ဆီ video call ခေါ်လိုက်သည်။ မီးရောင်အောက်မှာ ဇေယျာလင်းထက်ရဲ့မျက်နှာနုနုလေးက ကြည်လင်ချောမွတ်နေပြီး စွဲမက်ဖွယ်ကောင်းလျက် ...
ဇေယျာ့ကို တမေ့တမောငေးကြည့်နေမိသည်မှာ ဇေယျာ့ဘက်က မနေတတ်တော့၍ ချောင်းဟန့်သံပေးတဲ့အချိန်ထိ ...
ESTÁS LEYENDO
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Novela JuvenilHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts
![သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]](https://img.wattpad.com/cover/281276295-64-k837661.jpg)