အခန်း ( ၅ )

729 29 0
                                    

" ဟေး အခြောက်လေး ! တစ်ယောက်ထဲလား "

ညီမင်းရဲ့အသံကြောင့် စာကြည့်တိုက်ထဲ ဝင်လာသည့် ဇေယျာ့‌ခြေလှမ်းတို့ ရပ်တန့်သွားလေသည်။

~ ဒီလိုကောင်က စာကြည့်တိုက်ထဲ ဘယ်လိုလုပ်ရောက်နေတာလဲ ~

သို့သော်လည်း ညီမင်းကို စိတ်မဝင်စားအားပေ။ မေးခွန်းဟောင်းတွေ ရှာဖို့ကိုသာ အာရုံထဲထည့်ထားလိုက်သည်။

စာကြည့်တိုက်တာဝန်ကျသည့် ဆရာမဆီ လက်မှတ်ထိုးခဲ့ပြီးနောက် သင်္ချာမေးခွန်းဟောင်းတွေထားသည့်နေရာကိုသာ ထွက်လာခဲ့လိုက်သည်။

ညီမင်းကတော့ ကစားစရာတစ်ခုတွေ့လိုက်သည့်အလား ဇေယျာ့နောက်ကနေ လိုက်လာလေသည်။

" အဟက်! အခြောက်လေးက ငါ့ကိုမြင်တာတောင် ပြန်နှုတ်မဆက်ပါလား! အ,နေတာများလား "

ညီမင်းပြောသမျှကို ဇေယျာက ဂရုမစိုက်တာကြောင့် ညီမင်း ဒေါသထွက်လာသည်။

" တောက်! ကနွဲ့ကလျနဲ့ အခြောက်ကောင်ကများ ရာရာစစ ငါ့ကို မသိချင်ယောင်ဆောင်နေရတယ်လို့ ! "

ညီမင်း ဇေယျာ့ပခုံးကို လှမ်းကိုင်မည်ပြုတော့ သူ့လက်ကို လာရောက်တားဆီးသည့် လက်တစ်စုံ။

" အာ.. မော်ကြီးပါလား! ဘာလဲ အခြောက်လေးကို လာစောင့်ရှောက်တာလား "

" မင်းပါးစပ်ကို ပိတ်ပြီး လစ်လိုက်တော့ ညီမင်း "

ခန့်ဇော်က ဝင်ရောက်ပြောလေသည်။

" ခန့်ဇော် တော်တော့ စာကြည့်တိုက်ရောက်နေတာ စကားအကျယ်ကြီးမပြောကြနဲ့။ ဟိုမှာ ဆရာမ ကြည့်နေတယ်။ မင်းလည်း မေးခွန်းဟောင်းရှာတာ အမြန်ရှာ။ ဒါပြီးရင် Physics definition တွေ ပြန်ကျက်ရအုံးမှာ "

သူရိန်က ခန့်ဇော်ကိုပြောပြီး တဆက်ထဲ ဇေယျာ့ကိုလည်း ပြောလိုက်သည်။ ညီမင်းကိုတော့ အရေးတောင်မလုပ်။

ညီမင်း ခန့်ဇော်ကိုပြန်ပြောချင်သော်လည်း သူရိန်ပြောသလို စာကြည့်တိုက်ရောက်နေသည်ကတစ်ကြောင်း၊ ဇေယျာ့ဘေးမှာ သူရိန်တို့သုံးယောက် ရပ်နေကြသည်ကတစ်ကြောင်း ထိုအကြောင်းတွေကြောင့် ဘာမှဆက်မပြောတော့ပဲ စာကြည့်တိုက် အပြင်ကိုထွက်လာခဲ့လိုက်သည်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Tempat cerita menjadi hidup. Temukan sekarang