အခန်း ( ၁၁ )

596 24 0
                                    

Unicode

ခန့်ဇော်တစ်ယောက် စက်ဘီးပတ်စီးရင်း နယ်ကျွံကာ လမ်းကြားတစ်ခုထဲသို့ ရောက်ရှိလာသည်။ လမ်းလေးက ကျဉ်းမြောင်းလှပြီး လမ်းထဲရှိ အိမ်တွေကလည်း ထရံအိမ်လေးတွေဖြစ်သည်။ လမ်းပေါ်မှာလည်း ကလေးလေးတွေက ဟိုဟိုဒီဒီပြေးလွှားနေကြသည်။

ခန့်ဇော် စက်ဘီးကိုနင်းရင်း လမ်းထဲဝင်ခဲ့လိုက်တော့ ထိုကလေးတွေရဲ့ အဝတ်အစားတွေက ဟောင်းနွမ်းကာ မဲညစ်ပေရေနေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ကလေးတွေရဲ့ မျက်နှာလေးတွေမှာလည်း မဲတူးနေကာ တစ်ဦးနဲ့တစ်ဦး နင်ပဲငဆ ဆဲဆိုနေကြသည်။

လမ်းအလယ်ခေါင်လောက်ထိ သွားမိတော့ အိမ်ရှေ့ထွက်ကာ ဆန်ပြာနေတဲ့ မိန်းမကြီးတစ်ယောက်က ‌ဆော့ကစားနေတဲ့ကလေးတွေကို အော်ကြီးဟစ်ကျယ်နဲ့ ဆဲဆိုနေတာကို တွေ့ရလေသည်။

" ဟဲ့ ခွေးသူတောင်းစားလေးတွေ နင်တို့ကို လမ်းလယ်ခေါင်မှာ တက်မဆော့နဲ့လို့ပြောနေတာ မကြားကြဘူးလား ! ဆိုင်ကယ်တွေက စောက်ရမ်းမောင်းနေကြတာ ဖြတ်တိုက်သွားလိုက်ရင် ပွဲချင်းပြီးပဲဆိုတာ နားမလည်ကြဘူးလား ! အိမ်ထဲဝင်ကြစမ်း ! မိစန်း ! မိကြွယ် နင်တို့စောက်ကလေးတွေ လာခေါ်ကြစမ်း ! "

ထိုမိန်းမကြီးရဲ့ ဆဲဆိုသံကိုကြားလိုက်ရတော့ ခန့်ဇော် နည်းနည်းတော့ လန့်သွားရသည်။ သူတို့လည်း မဆဲကြတာတော့ မဟုတ်ပါဘူး ၊ သို့ပေမယ့် ဒီလောက်ထိ အော်ကြီးဟစ်ကျယ်ဆဲဆိုတာမျိုးတော့ မရှိပေ။ သူတို့မိဘတွေဆို လုံးဝ မဆဲတတ်ကြတာပင်။

ခန့်ဇော် ခေါင်းကိုခါရမ်းလိုက်ကာ စက်ဘီးကို လမ်းထိပ်ထိ နင်းသွားဖို့ပြင်လိုက်သည်။ အစက စက်ဘီးခဏရပ်ကာ လမ်းမေးမည်ဟု ကြံရွယ်ထားသော်လည်း ဒီပုံစံအတိုင်းဆို သူ မေးဖြစ်မည်မထင်။

နင်းလာရင်း လမ်းထိပ်ရောက်ခါနီးတော့ အရိပ်လေးတစ်ခုကိုတွေ့လိုက်ရသည်။ နောက်ကျော‌လေးကို ဖျတ်ခနဲ မြင်ရုံနဲ့ပင် မှတ်မိနေတာဖြစ်၏။ ထိုသူမှာ ညီမင်းပင်။ ခန့်ဇော် စက်ဘီးပေါ်ကနေ ဆင်းလိုက်ပြီး အရိပ်လေးရဲ့နောက်ကို မြန်မြန်လိုက်သွားသည်။

ဆဌမအာရုံ ရှိနေပုံပေါ်သည့် ညီမင်းက နောက်ကို ပြန်လှည့်ကြည့်လာသည်။ ခန့်ဇော်ကိုမြင်တော့ ခဏလောက် အံ့ဩသွားသော်လည်း ပုံမှန်မျက်နှာအမူအရာပဲ ပြန်ဖြစ်သွားသည်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Onde histórias criam vida. Descubra agora