Unicode
မုန့်ဈေးတန်းကို ထွက်သွားသည့် သန့်ပိုင် ပြန်မလာသေးတာကြောင့် ဇေယျာတစ်ယောက် ခေါင်းတမော့မော့ လည်တဆန့်ဆန့် ...
" ဒီကောင်ကလည်း ကြာလိုက်တာ။ မုန့်ဈေးတန်းများ ပျောက်နေလို့လား။ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ မုန့်ဆိုင်ဖွင့်ပြီး ရောင်းနေသလားပဲ "
အတွေးတို့မဆုံးခင် အခန်းတံခါးဝမှာ အရိပ်ကလေးမြင်လိုက်တာကြောင့် ကြည့်လိုက်တော့ ...
သန့်ပိုင်မဟုတ်ပဲ သူရိန်ခန့်ညားဖြစ်နေပေသည်။
ဘာလဲ... ဒီချိန်ဆို သူတို့ဘီလူးသုံးကောင်က ခြင်းခတ်နေကြတာမဟုတ်ဘူးလား။ ထူးထူးဆန်းဆန်း !
သူရိန်ကတော့ ဇေယျာက သူတို့ကို ဘီလူးသုံးကောင်ဟု စိတ်ထဲက ခေါ်နေတာကို မသိရှာပေ။
ဇေယျာရှိတဲ့ဘက်ကို လျှောက်လာရင်း
" ညနေ ကျူရှင်ကျရင် ဆရာ့ကို စာပြန်ရမှာ။ အဲ့ဒါ စာရပြီလား "
သူရိန်ပြောမှ ဒီနေ့ညနေ Chemistry ဆရာကြီးကို စာပြန်ရမယ်မှန်း သတိရတော့သည်။ သူက သင်္ချာတွေတွက်နေတာလေ! ဘယ်လိုလုပ် စာကျက်ရအုံးမှာလဲ !!
ဇေယျာက စာပြန်ရမယ့်အကြောင်း ကြားတာနဲ့ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားတာကိုကြည့်ပြီး ဇေယျာတစ်ယောက် စာမရသေးဘူးဆိုတာ သူရိန် ခန့်မှန်းမိပါ၏။
ကျွတ်! ဒီ ကြွက်ဖြူကောင်ကတော့ !
" မင်း မရသေးဘူးဆိုရင် အမြန်ကျက်လိုက်အုံး။ ညနေကျ ဆရာ့က နှစ်ယောက်တစ်တွဲ စာပြန်ခိုင်းမှာ။ မင်းနဲ့ငါက တစ်တွဲ။ တူတူပြန်ရမှာ "
ဇေယျာကတော့ ' အာ ... ' ဟူ၍သာ အသံထွက်နိုင်တော့သည်။ ခါတိုင်း နှစ်ယောက်တစ်တွဲစာပြန်ခိုင်းရင် သူနဲ့ သန့်ပိုင်ပဲ တွဲရတာပါ။ မဟုတ်မှ... သန့်ပိုင်နဲ့ စာပြန်တိုင်း သူဝါးချတာကို ဆရာရိပ်မိသွားလို့များလား ???
ဇေယျာက ဉာဏ်ကောင်းတဲ့ထဲမပါတာကြောင့် ရှေ့ကျက် နောက်မေ့၊ နောက်ကျက် ရှေ့မေ့ ဖြစ်သူတစ်ဦးသာ...
မော်နီတာနဲ့သာ စာတူတူပြန်ရမယ်ဆိုရင် သူ ဘယ်လိုလုပ် ဝါးချလို့ရတော့မှာလဲလို့!!
ВЫ ЧИТАЕТЕ
သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅ ]
Подростковая литератураHe Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2024 Boy × Boy Written with both Unicode and Zawgyi fonts