အခန်း ( ၃ )

1.1K 45 0
                                        

Unicode

အတန်းပိုင်ဆရာမအချိန်ဖြစ်သော်လည်း ဆရာမ မအားသဖြင့် မိန်းကလေးအတန်းခေါင်းဆောင်ဖြစ်သည့် ရူပါဖြိုးကသာ ကျောက်သင်ပုန်းပေါ် စာထွက်ရေးပေးရလေသည်။ စကားပြောတဲ့သူဆို နာမည်မှတ်မယ်ဟု ခြိမ်းခြောက်ထားသဖြင့် တစ်တန်းလုံးတိတ်ဆိတ်နေ၏။ ရူပါဖြိုးက စာရေးပေးပြီးတာနဲ့ မိမိခုံရှိရာကို ထွက်လာခဲ့လိုက်သည်။

ဇေယျာလင်းထက်တို့သူငယ်ချင်းနှစ်ယောက်မှာလည်း ကျောက်သင်ပုန်းပေါ်က စာတွေကို လိုက်ကူးလျက်။

" အခု ငါရေးပေးထားတဲ့ထဲက ဆယ်မှတ်ဖိုးပါမှာတဲ့ ဆရာမကပြောတယ် "

ရူပါဖြိုးရဲ့စကားသံအဆုံးမှာ ' ဟင် ဆယ်မှတ်ထဲလား ' ဆိုသော စိတ်ပျက်လက်ပျက်သံများ တစတစ ထွက်ပေါ်လာလေသည်။

ရူပါဖြိုးကတော့ ထိုသူတွေကို အရေးမလုပ်၊ ခေါင်းလေးတငုံ့ငုံ့နှင့် စာလိုက်ရေးနေသည့် ဇေယျာလင်းထက်ဆီမှာသာ အကြည့်တို့က တဝဲလည်လည်...

" စာရေးပြီးရင် လာထပ်ပေးကြအုံးနော်၊ သူရိန်ခန့်ညားက ယောကျာ်းလေးတွေဆီက စာအုပ်လိုက်ကောက်ပေးပါအုံး "

နာမည်တပ်ပြီး ပြောလိုက်တာကြောင့် သူရိန်လည်း ‌စာရေးနေရာက ခေါင်းထောင်ကြည့်လာသည်။ နှုတ်ဖျားကသာ သူရိန့်နာမည်တပ်ခေါ်နေသော်လည်း အကြည့်တို့က ဇေယျာလင်းထက်ဆီက မခွာနိုင်သော မိန်းကလေးအတန်းခေါင်းဆောင်ကို မျက်‌မှောင်ကျုံ့ ၍ ကြည့်လိုက်သည်။
သို့သော်လည်း ဘာမှတော့ မပြောဖြစ်...

အတန်းဆင်းခါနီးတော့ စာအုပ်တွေလိုက်ကောက်ကြသည်။ သူရိန်ခန့်ညား စာအုပ်လိုက်ကောက်နေရင်း ဇေယျာလင်းထက်နှင့် သန့်ပိုင်တို့နှစ်ယောက်ထိုင်နေသည့် ခုံကို ရောက်ရှိလာသည်။

သန့်ပိုင်က သူ့ကိုမြင်တာနဲ့ ရေးပြီးသားစာအုပ်ကို တန်းပြီးပေးလိုက်ပေမယ့် ဇေယျာလင်းထက်ကတော့ သူလာတာကို သတိထားမိပုံမပေါ်ပေ။

သူရိန် ထိုနေရာမှာသာ ရပ်စောင့်နေတာကြောင့် သန့်ပိုင်က အားနာသွားဟန်နှင့် ဇေယျာ့လက်ကို အသာတို့လိုက်သည်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Donde viven las historias. Descúbrelo ahora