Zawgi;
Jin-Tae Ah~~ မှာထားတဲ့သူတွေ ရှိလား...ရှိရင် Hyung ဆိုင်ကယ်သွားထုတ်မလို့...Purple ဆိုတဲ့ ကြက်ကြော်ဆိုင်နာမည်လေးပါတဲ့ အင်္ကျီနှင့် Jean ကိုဝတ်ဆင်ထားသော Jin...ဆိုင်ထဲဝင်ဝင်ချင်း Taehyung ကို သူနေ့စဉ်လုပ်နေကျ ဆိုင်ကယ်နှင့် ကြက်ကြော်လိုက်ပို့ခြင်းလုပ်ငန်းစဉ် ရှိ မရှိ မေးနေခြင်းဖြစ်သည်...
Taehyung-ရှိတော့ရှိတယ်...ဒါပေမဲ့ အခုချက်ချင်း လိုက်ပို့ရမှာမဟုတ်ဘူး..နေ့လည်မှ...
Jin-Aww ဟုတ်လား...
Jin ဆိုင်တွင်းရှိ စားသုံးသူ သုံးယောက်စ လေးယောက်စ ရှိနေတဲ့ဝိုင်းတွေနဲ့ ခပ်ဝေးဝေးမှာရှိနေတဲ့ စားပွဲဝိုင်းတစ်ဝိုင်းတွင် ဝင်ထိုင်လိုက်သည်...
Taehyung လဲ စားသုံးသူ နည်းနေတဲ့အချိန်ဖြစ်တာကြောင့် ကြော်လက်စ ဒယ်အိုးထဲက ကြက်ပေါင်တစ်ပေါင်ကို ယူထုတ်လိုက်ပီး မီးဖိုမီးပိတ်လိုက်ကာ သံဇကာထဲထည့်လိုက်သည်...
ထို့နောက် သူလဲ Jin ထိုင်နေတဲ့ဝိုင်းဆီဦးတည်ပီး Jin နဲ့မျက်နှာချင်းဆိုင်တည့်တည့်တွင် ခုံယူပီးထိုင်လိုက်သည်...
Taehyung-Woojin Hyung...ကျွန်တော် Hyung ကိုပြောစရာရှိတယ်...
Jin-အင် ပြောလေ Tae...
Jin ဂိမ်းဆော့နေရင်း ဖုန်းပိတ်လိုက်ကာ...Taehyung ကို ကြည့်လိုက်သည်...
Taehyung-နောက်နှစ်ရက်လောက် နေရင် ကျွန်တော့်ရဲ့ အကိုဝမ်းကွဲ ကိုးရီးယား ပြန်ရောက်တော့မယ်...
Taehyung ရဲ့စကားကြောင့် Jin မျက်မှောင်ကြုတ်လိုက်မိသည်...
Jin-ဟမ် အကိုဝမ်းကွဲဟုတ်လား...Hyung ကို အရင်က တစ်ခါမှလဲ မပြောဖူးပါဘူး...
Taehyung-ဟုတ်တယ်...သူက နိုင်ငံခြားမှာ ပညာတော်သင် သွားသင်နေတာဆိုတော့ မပြောပြသေးလဲဖြစ်တယ်ထင်လို့ မပြောပြထားတာ...
Jin Taehyung မျက်နှာကို အကဲခတ်လိုက်တော့ တစ်ခုခုကို ထိန်ချန်ဖို့ ကြိုးစားနေတာကို သူသိလိုက်သည်...ထိုထိန်ချန်ထားတဲ့ တစ်ခုခုဆိုတဲ့အရာကလဲ Taehyung အတွက် မနှစ်မြို့စရာကောင်းတဲ့ အရာပင်ဖြစ်လိမ့်မည်...
Jin-Tae ah..Hyung ကို တခြားပြောစရာ မရှိတော့ဘူးလား..Tae ရဲ့ အကိုဝမ်းကွဲအကြောင်း Hyung ကို မပြောပြခဲ့တာ နောက်ထပ်အကြောင်းပြချက် ရှိနေသေးတယ်မလား...
YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥