Zawgi;
ဒီနေ့က သင်တန်းဆင်းတဲ့နေ့လေး...Jin လဲ စစ်ဝတ်စုံ စစ်ဦးထုပ်ဝတ်ဆင်ထားကာ စစ်လွယ်အိတ်လေးကို လက်က ကိုင်ဆွဲလျက် စစ်တပ်ထဲက ထွက်လာခဲ့သည်...
အဝင်ဝရောက်လိုက်တာနဲ့ အချို့သောမြင်ကွင်းတွေကြောင့် သူရဲ့ခြေတစ်စုံဟာ ရပ်တန့်သွားသည်...အားကျနေတဲ့မျက်လုံး..သိမ်ငယ်နေတဲ့စိတ်..ဆက်လှမ်းဖို့အားမရှိတော့တဲ့ခြေထောက်..အရာအားလုံးဟာ သူရဲ့ပင်ကိုယ် မာကျောတဲ့စိတ်ဓာတ်နဲ့ မလိုက်ဖက်စွာ ဖြစ်တည်လာသည်...
ထိုသို့ဖြစ်တည်နေရခြင်းရဲ့ အကြောင်းမှာ..စစ်တပ်အဝင်ဝတွင် သူ့လို အခုမှ သင်တန်းဆင်းတဲ့သူတွေကို သူတို့ရဲ့မိဘ မောင်နှမ သူငယ်ချင်းများက လာကြိုကြကာ ထွေးပွေ့နေရင်း အလွမ်းသယ်နေကြသော မြင်ကွင်းပေါင်းများစွာကြောင့်ဖြစ်သည်...
သူ့မှာ မိဘရယ်လို့လဲမရှိ..အရင်ကတော့ အမေတစ်ယောက်ရှိပါသည်..အဖေနဲ့ ဆွေမျိုးမောင်နှမဆိုတဲ့ နာမ်စားတွေဟာ သူနဲ့လားလားမှ မသက်ဆိုင်..ထိုနာမ်စားတွေကိုလဲ သူ့နှုတ်ဖျားက ယောင်လို့တောင်မထွက်ဖူးပေ...
သူ့အမေကလဲ အဖေနဲ့ပတ်သတ်တဲ့အကြောင်း တစ်ခွန်းတောင် မဟဖူးတော့ ဆွေမျိုးမောင်နှမဆိုတာက ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပီလေ...ရှိတဲ့အမေကလဲ သူ အထက်တန်းစတက်တော့ အဆုတ်ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့သည်...
တစ်ဦးတည်းသော သူရဲ့ဆွေမျိုးတော်စပ်တဲ့အမေ့ကို ခေါ်ထုတ်သွားတဲ့ လောကကြီးကို သူမုန်းသည်...သူဟာ ဆင်းရဲတယ် ဒါပေမဲ့ ထက်မြက်တယ် တော်တယ်...သူရဲ့ဖြစ်တည်မှုနဲ့ မလိုက်ဖက်တဲ့အထိ မာနကြီးတယ် သူမှန်ရင် ဘာကြီးပဲ ဖြစ်နေပါစေ သူ ဂရုမစိုက်...ဒါဟာ သူရဲ့ အားသာချက်လား အားနည်းချက်လား မခွဲခြားတတ်ပေမဲ့ သူရဲ့အကျင့်ကို ပြင်ဖို့ စိတ်ကူးလုံးဝမရှိ...
အမေရှိစဉ်ကာလကတည်းက သူ့ကျောင်းစရိတ်ကို အချိန်ပိုင်းအလုပ်လုပ်ရင်း ကိုယ့်ဘာသာကိုယ်ရှာပီး ကျောင်းတက်ခဲ့သည်..သူ့အမေ ဆုံးသွားတော့ သူ့ဘဝဟာ တစ်ကောင်ကြွက်ဖြစ်သွားတာကလွဲရင် သူ့အတွက် အရာအားလုံး ပုံမှန်အတိုင်း...

YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥