Episode 19

2.2K 267 44
                                    

Zawgi;
Jin-မိုးရွာတော့မှာလား!!

Jin Bus ပေါ်က ဆင်းဆင်းချင်း တွေ့လိုက်ရတဲ့ မဲနက်နေတဲ့ မိုး​ကောင်းကင်ကြောင့် သက်ပြင်းချလိုက်မိသည်...

Jin-Jungkook တို့ Company ရောက်ဖို့ လမ်းနဲနဲလျှောက်ရဦးမယ်...ဒီအတိုင်းဆို မိုးမိတော့မှာပဲ...

တစ်ယောက်တည်း ငြီးတွား​နေရင်း မိုးမိမှာစိုးတာကြောင့် မိုးတိတ်မှ ဆက်သွားမည်ဟု ဆုံးဖြတ်ကာ ကားဂိတ်က ခုံတန်းရှည်တွင် ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် မိုးများက ရုတ်ချည်း ရွာချလာသည်...သူလဲ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းထုတ်လိုက်ပီး Message box ကို သွားကာ...

💌Jungkook..Hyung မိုးမိနေလို့ Company နားက ကားဂိတ်မှာ ခဏမိုးခိုနေတာ..မိုးတိတ်ရင် လာခဲ့မယ်နော်...💌

Message ပို့ပီးတာနဲ့ ဖုန်းကို ဘောင်းဘီထဲ ထည့်ဖို့ပြင်နေစဉ် တွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခု...

သူ့ရှေ့တည့်တည့် လမ်းတစ်ဖက်ခြမ်းတွင် ကောင်မလေးတစ်ယောက်ကို ကောင်လေးတစ်ယောက်က ဒူးထောက်ပီး တောင်းပန်နေတဲ့မြင်ကွင်းသည် တစ်စုံတစ်ခုသော သူရဲ့မှတ်ဥာဏ်တစ်ပိုင်းတစ်စကို လှုံ့ဆော်​နေလေသည်...

"Jungkook က ကျွန်တော့်ကို ချစ်တယ်လို့ ဝန်ခံပီးပီ..."

"Jimin ငါ တောင်းပန်ပါတယ်...Jungkook ကို ငါ့ဆီက မခေါ်ထုတ်သွားပါနဲ့...Jungkook မရှိရင် ငါ သေသွားလိမ့်မယ်...ငါ့ဘဝမှာ Jungkook မရှိလို့မဖြစ်ဘူး..."

"​တောင်းပန်ပါတယ် ဒေါက်တာ...Jungkook ရဲ့ရွေးချယ်မှုက ကျွန်တော် ဖြစ်သွားတဲ့အတွက်..."

ဒူးထောက်ပီး တစ်စုံတစ်ခုအတွက် ငိုယိုနေ​သော သူ...
သူ့ရှေ့မှာ ရပ်နေတဲ့ Jimin...
ကြားနေရတဲ့စကားလုံးတွေက တစ်ဝက်တစ်ပျက်နဲ့ ပုံရိပ်တွေက ဝိုးတိုးဝါးတားဖြစ်နေသော်လဲ ရင်ဘတ်တွေပါ အောင့်တက်လာပီး သူတောင် မသိလိုက်ဘဲ မျက်ရည်တွေလဲ ဆည်ကျိုးသလို ပါးပြင်ပေါ်တစ်လှိမ့်လှိမ့်...

သူ့အတွက် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မဟုတ်သော်ငြားလဲ ထိုနာကျင်စရာမှတ်ဥာဏ်တစ်ချို့ကြောင့် သူ့ခေါင်းတွေ တဖြည်းဖြည်းနဲ့ ထိုးကိုက်လာသည်...

Love Reborn {Completed}Where stories live. Discover now