Episode 18

2.2K 285 21
                                    

Zawgi;
"Aww ဒီဟာ အရိုးပြာ မရှိတဲ့ အိုးပဲ..."

Jungkook-ဗျာ!!!!

လုံခြုံရေးဦးလေးကြီး ပြောလိုက်တဲ့စကားကြောင့် Jungkook အရိုးပြာအိုးမှတစ်ဆင့် ထိုဦးလေးကို ​ပျော်ရွှင်မှုနဲ့အတူ အံသြမှုပေါင်းများစွာဖြင့် လှည့်ကြည့်မိသည်...

"ဟုတ်တယ်...ဒီမှာ အရိုးပြာမရှိတဲ့အိုး ဆယ့်သုံးအိုးရှိတယ်..အဲ့ထဲမှာ ဒီအိုးလဲ ပါတယ်..."

Jungkook-တ..တကယ်ကြီးလား ဦးလေး...

"ဟုတ်တယ်လေ မင်း မသိဘူးလား..."

Jungkook-ကျွန်တော် မသိဘူး..ကျွန်တော့်ကို ဒီအိုးလေး ထုတ်ပေးလို့ရမလား...

"ရပါတယ်..ဒါပေမဲ့ ယူသွားကြောင်း လက်မှတ်တော့ ထိုးရမယ်..."

Jungkook-ဟုတ်ကဲ့..ကျွန်တော် လက်မှတ်ထိုးမှာပါ...

"ဒါနဲ့ အဲ့ကောင်လေးနဲ့ ဘာတော်တာလဲ..."

Jungkook-ကျွန်တော်က သူ~~

ဟုတ်သားပဲ...ဒီမေးခွန်းအတွက် ကျွန်တော့်မှာ အဖြေမရှိနေဘူး...သူနဲ့ ကွာရှင်းထားတဲ့လူလို့ ဖြေရမှာလား...ဟင့်အင်း အဲ့လိုမဖြေချင်ဘူး...

Jungkook-သူရဲ့ခင်ပွန်းပါ...

"Aww ဟုတ်လား..အဲ့ဆို ခဏစောင့်နေနော်..ဦးလေး သော့သွားယူလိုက်ဦးမယ်..."

Jungkook-Hyung မသေသေးဘူးမလား...ကျွန်တော့်မှာ မျှော်လင့်ချက်ရှိသေးတယ်မလား...Hyung ကျွန်တော့်အနားက ဘယ်တော့မှ ထွက်မသွားဘူးမလား...

Jungkook မှန်ဘောင်ထဲက Seokjin ဓာတ်ပုံကိုကြည့်ပီး မေးခွန်းတွေ အဆက်မပြတ်ထုတ်နေရင်း မျက်ရည်တွေ တာကျိုးသလို စီးကျလာပြန်သည်..သို့်သော် မျှော်လင့်ချက်တွေ ပျော်ဝင်နေတဲ့ ဝမ်းသာမျက်ရည်တွေသာ...

&&

"ဥက္ကဋ္ဌ ဒါရိုက်တာJung ရောက်နေပါတယ်..."

Jungkook-ဝင်လာခိုင်းလိုက်..

စားပွဲပေါ်က ဖုန်းထဲမှ စကားသံအဆုံး...

"ဒေါက် ဒေါက်..."

Jungkook-ဝင်လာခဲ့...

Hoseok-Jungkook ဟိုကိုမသွား~~~~

Hoseok စကားမဆုံးခင် ဖန်စားပွဲပေါ်တွင် တွေ့လိုက်ရတဲ့ အရိုးပြာအိုးကြောင့် ဆက်ပြောမဲ့စကားလုံးတွေ လည်ချောင်းထဲ ပြန်ဝင်သွားကာ ခြေလှမ်းများလဲ ရပ်တန့်သွားလေသည်...

Love Reborn {Completed}Where stories live. Discover now