Episode 3

2.5K 285 11
                                    

Zawgi;
"Flashback start"

Jin-မင်း ငါ့နောက် ဘယ်ချိန်ထိ လိုက်နေမှာလဲ!!!!

ကြီးမားတဲ့စာကြည့်တိုက်အတွင်း တိတ်ဆိတ်ငြိမ်သက်စွာ စာဖတ်နေသောသူ​တွေ ထိုင်​နေ​သောခုံများနှင့် မလှမ်းမကမ်းတစ်​နေရာတွင် စာအုပ်များအစီအရီ စီထားသော အ​ရောင်စုံ စာအုပ်စင်မြောက်များစွာ ရှိသည်...

ထိုမြောက်များလှသောစာအုပ်စင်များအနက် အပြာနုရောင်စာအုပ်စင်ကိုကြားခံပီး လွတ်နေတဲ့စာအုပ်နှစ်အုပ်ကြား မြင်နေရ​သော လွန်ခဲ့တဲ့တစ်ပတ်ကတည်းက သူ့နောက်တစ်ကောက်ကောက်လိုက်နေတဲ့ တစ်ဖက်ကလူတစ်ယောက်ကို အလိုမကျမှုနှင့်အတူ အော်​မေးလိုက်ခြင်းဖြစ်သည်...

ဝင်သက်ထွက်သက်​တောင် အတိုင်းသား ကြားနေရတဲ့ စာကြည့်တိုက်တစ်တိုက်လုံးတွင် Jin ရဲ့အသံ ဟိန်းထွက်သွားတာ​ကြောင့် စာဖတ်သူများရဲ့အကြည့် သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ​ရောက်လာကြသည်...

အဲ့တော့မှ သူ အမှားလုပ်လိုက်တယ်ဆိုတာ သတိထားမိသွားတာ​ကြောင့် ဦးညွှတ်တောင်းပန်လိုက်ရသည်...

Jin-တောင်းပန်ပါတယ်..တောင်းပန်ပါတယ်...

Jin သူ့ဘက်ပြန်လှည့်ကာ အသံခပ်တိုးတိုးဖြင့်...

Jin-အဲ့ဒါ မင်းကြောင့်...

Jungkook-ဟင်! ဘာမှလဲ မဆိုင်ဘူး...

Jin-မင်း ကျောင်းသားမဟုတ်ဘူးလား..ကျောင်းမတက်ဘူးလား...

Jungkook-မေမေ ခွင့်တိုင်ထားပေးတယ်...

Jin-ဟမ်! မင်းအမေကိုယ်တိုင် ခွင့်တိုင်ထားပေးတာ ဟုတ်လား...

Jungkook-အင် ဟုတ်တယ်...

Jin-မင်းအမေက မင်းကို မဆုံးမတဲ့အပြင် မတားတဲ့အပြင် ခွင့်ပါတိုင်ပေးလိုက်တယ်ပေါ့လေ...ဘယ်လိုအမေမျိုးလဲ...

Jungkook-မေမေ့ကို အဲ့လိုမပြောပါနဲ့!!

Jungkook မျက်ဝန်းနဲ့ အသံတွင် ဒေါသစွက်သွားတာကို သူ သတိထားမိလိုက်သည်...သူ ပြောချင်တာ အဲ့လိုသဘောမျိုးမဟုတ်ပေမဲ့ စကားမှားသွားတာ သူ့ကိုယ်သူသိပါသည်...ထို့အတူ ဒီကောင်လေးဟာ သူ့အမေကို တော်တော်ချစ်မှန်းလဲ သိလိုက်ရသည်..

Love Reborn {Completed}Where stories live. Discover now