Zawgi;
Jimin-Taehyung ahhh...Taehyung သူ့နာမည် ခေါ်သံကြားလို့ အသံကြားရာ နေရာကို လှည့်ကြည့်လိုက်တော့ Jimin တစ်ယောက် သူ့ဆီ အလောတကြီးပြေးလာတာကို မြင်လိုက်တာကြောင့် သူ့ပါ မတ်တပ်ရပ်လိုက်သည်...Jimin သူ့ဘေး ရောက်လာတော့ ချက်ချင်းတောင် စကားမပြောနိုင်ဘဲ ရင်ဘတ်ကို ဖိရင်း အမောဖြေနေရသည်...
Jimin-Jungkook..Jungkook ရော...
Taehyung ဘာမှ မပြောဘဲ သူ့ကို ဒီအတိုင်း စိုက်ကြည့်နေတော့ အခြေအနေကို သဘောပေါက်နားလည်သွားပီဖြစ်တာကြောင့် Jimin ပါးစပ်တောင် မပိတ်နိုင်တော့ဘဲ မှန်တံခါးဝကတစ်ဆင့် အထဲကို အသက်မဲ့စွာ ကြည့်မိတော့ Jungkook ကိုယ်ပေါ် တက်ခွလျက်ရှိနေသော Kim Seokjin...ကျောပြင်တွေ တသိမ့်သိမ့် တုန်နေပုံအရ Seokjin ငိုနေတယ်ဆိုတာ သူရိပ်မိပီဖြစ်သည်...
သူ့မှာ ရပ်ဖို့အားပင် မရှိတော့ဘဲ ခြေထောက်ယိုင်သွားကာ နောက်က ရပ်နေတဲ့ Taehyung ရင်ခွင်ထဲ ဘုန်းခနဲပြုတ်ကျသွားသည်...Taehyung သူ့ပုခုံးစွန်းနှစ်ဖက်ကို ထိန်းကိုင်ရင်း ခုံတန်းရှည်ပေါ် ထိုင်ခိုင်းလိုက်သည်...
Taehyung-သတိထားပါဦး...မင်း ဘာလို့ အခုမှရောက်လာရတာလဲ...
Jimin-ငါ ခွဲစိတ်ခန်း ဝင်နေတာ..ငါ အခန်းမှာ ဂျူတီကုတ် လဲပီးတဲ့အထိ ဘာမှမသိသေးဘူး..Round လှည့်တော့မှ ဆေးရုံအုပ်ပြောလို့ သိသိချင်း ချက်ချင်းလိုက်လာတာ...
အသံတိုးတိုး ဖြည်းဖြည်းနဲ့ပြောနေသော Jimin ရဲ့ ရှင်းပြချက်တွေကို Taehyung နားထောင်ရင်း ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေလိုက်သည်...
Jimin Jungkook ကို ချစ်ခဲ့ပါသည်..အမှန်တကယ် ချစ်ခဲ့တာဖြစ်သည်...သူ့အတွက် Jungkook က အချစ်ဦးမလို့ ပိုဆိုးသည်...ပိုင်ရှင်ရှိပီးသား လူတစ်ယောက်မှန်း သိနေတာတောင် ပိုင်ဆိုင်ချင်လွန်းလို့ လူကျင့်ဝတ်တောင် ဖောက်ပြားပီး သူ ကြိုးစားခဲ့သည်...အရာမထင်ခဲ့သော်လဲ သူ အစွမ်းကုန် ချစ်ခဲ့သည်...ဒါကို Taehyung လဲ သိသလို Jungkook လဲသိမယ်ထင်သည်...
အခုလဲ Yoongi ပုခုံး ခွဲစိတ်တာ အောင်မြင်လို့ သူပျော်နေတဲ့အပျော်ဟာ ထိုသတင်းကြောင့် ဘယ်ကိုတောင် လွှင့်သွားမှန်းမသိ...Jungkook ကို မေ့နိုင်အောင်ကြိုးစားဖို့ သူ ဆုံးဖြတ်ထားတာဖြစ်သည်...သူ စိတ်ရှင်းရှင်းနဲ့ Jungkook ကို တစ်နေ့ လာနှုတ်ဆက်နိုင်ရမည်ဟု တစ်ကိုယ်တည်း ကြုံးဝါးဖူးသည်...သို့သော် Jungkook ကို ဒီလိုပုံစံမျိုးနဲ့တော့ မနှုတ်ဆက်ချင်ပါ...
YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥