Episode 15

2.1K 253 24
                                    

Zawgi;
Taehyung ဝိုင်းတစ်ဝိုင်းတွင် မှာထားတဲ့ ဆိုဂျူနှစ်ပုလင်း ချပီးပြန်လှည့်လိုက်တဲ့အချိန် မျက်ထောင့်က ဖြတ်ခနဲတွေ့လိုက်ရတဲ့ ဆိုင်အပေါက်ဝမှာ ရပ်နေသော လူတစ်ယောက်ကို လှမ်းကြည့်လိုက်သည်...

Taehyung-Jungkook!!!

Jungkook လဲ ဆိုင်အပေါက်ဝကနေ Taehyung ရှေ့တည့်တည့်လာရပ်လိုက်တော့ Taehyung တစ်စုံတစ်ခုအတွက် လိပ်ပြာမလုံသလိုခံစားလိုက်ရသည်...ဥပမာ-တစ်စုံတစ်ခုကို ပိုင်ရှင်မသိအောင် မထင်မှတ်ဘဲ အတ္တကြီးစွာ ခိုးယူထားမိသလိုမျိုး...

Taehyung-ထိုင်လေ..တစ်ခုခုစားဦးမလား...

Jungkook လဲ လွတ်နေတဲ့ဝိုင်းတစ်ဝိုင်းမှာ ဝင်ထိုင်လိုက်ပီး...

Jungkook-ဘာမှမစားတော့ဘူး..ကျွန်တော် Hyung ကိုပြောစရာ..အာ! မဟုတ်သေးဘူး မေးစရာရှိလို့ ရောက်လာတယ်ဆိုရင် ပိုမှန်လိမ့်မယ်...

Taehyung သိပါသည်...သူတို့နှစ်ယောက်က Jimin ကြောင့် တွေ့ဆုံခဲ့ရတယ်ဆိုပေမဲ့ အခုပြောမဲ့ကိစ္စက Jimin နဲ့မဆိုင်ဘဲ တစ်စုံတစ်ယောက်နဲ့ ပတ်သတ်နေတယ်ဆိုတာ...

Taehyung လဲ Jungkook နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပီး...

Taehyung-မေးလေ..Jimin အကြောင်းဆို~~~

Jungkook-ကျွန်တော် အခုလာတာ Jimin Hyung ကြောင့် မဟုတ်ဘူး...

Taehyung သိသိကြီးနဲ့ ပြောလိုက်တာဖြစ်သည်...ဘယ်လိုပဲဖြစ်ဖြစ် သူ အခုကတည်းက ဒီအကြောင်းတွေ ဘာမှမသိသလို ဟန်ဆောင်ထားမှ အဆင်ပြေမှာမလား...Taehyung ဆက်ပီး ဟန်ဆောင်ကောင်းစွာ...

Teahyung-ဒါဆို ဘာမေးဖို့လဲ..မင်းနဲ့ငါ့ကြားမှာ Jimin အကြောင်းကလွဲပီး ဘာပြောစရာရှိလို့လဲ...

Jungkook-တကယ် မသိတာလား..ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား...

Taehyung Jungkook ဆိုလိုတာကို တကယ်မသိတဲ့ ရိုးသားယောင်ဆောင်နေတဲ့ မျက်လုံးတစ်စုံဖြင့်...

Taehyung-Jungkook ငါ မင်းပြောတာကို တကယ်ကို နားမလည်​တော့ဘူး...

Jungkook လဲ ဟန်ဆောင်ကောင်းတဲ့ Taehyung ရဲ့ မျက်လုံးတစ်စုံကို အကဲခတ်ကြည့်တော့လဲ မရေရာတဲ့အဖြေမျိုးစုံကိုသာ တွေ့ရှိလိုက်ရတာကြောင့် ထိုအကြည့်တွေဆီက အဖြေရှာဖွေခြင်းလုပ်ငန်းစဉ်ကို ရပ်တန့်လိုက်ပီး လိုရင်းကိုသာ ရှေ့ဆက်ဖို့ ကြိုးစားမိသည်...

Love Reborn {Completed}Where stories live. Discover now