Episode 23

2.4K 267 62
                                    

Zawgi;
တစ်ခုတည်းသောဆိုင်ထဲတွင် စားပွဲတစ်ပိုင်း...ထိုဝိုင်းထဲက မျက်နှာချင်းဆိုင် လူနှစ်ယောက်...ထိုလူနှစ်ယောက်ကြားတွင် အေးစက်နေတဲ့ လေထုနဲ့အတူ အငွေ့သေနေတဲ့ ကော်ဖီနှစ်ခွက်လဲ အားဖြည့်ထားသေးသည်...မည်သည့် စကားတစ်ခွန်း တစ်လုံးတစ်ပါဒမှ ဖွင့်ဟလာခြင်းမရှိဘဲ အေးစက်နေတဲ့လေထုကိုသာ ဖန်တီးနေကြသော..လူတစ်ယောက်တည်းကိုသာ ချစ်ခဲ့ဖူးကြသော Kim Seokjin နဲ့ Park Jimin...

ထိုအေးစက်နေ​သော​လေထုကို အချိန်အနည်းငယ် ကြာမှ စတင်ဖြိုခွဲလိုက်သူက အောင်နိုင်သူအပြုံးကို ယမနေ့တွင် လက်ကိုင်ပြုမည့် Kim Seokjin ပင်...

Jin-မင်း ငါ့ကို နိုင်ဖူးလား Park Jimin...

ထိုစကားကြောင့် Jimin သူ့ဂျူတီကုတ်ကို ဆွဲမိဆွဲရာ ဆုပ်ချေလိုက်မိသည်မှာ ကြွေမွမွ...မျက်လုံးတွေကလဲ မီးဝင်းအလား...ထိုမျက်လုံးတွေကို သတိပြုမိသူက လှောင်ပြုံးတစ်ခုနှင့်...

Jin-အင်း~~~နိုင်ချင်ယောင်ဆောင်တာတော့ ရှိကောင်းရှိနိုင်တာပေါ့...

သူ တွေးဆဆနှင့် တိုက်စစ်ဆင်လာတဲ့စကားလုံးတွေအတွက် Jimin မှာ ပြန်လည်ချေပစရာစကားလုံးက ရှာလို့မရ...သူရဲ့ဂျူတီကုတ်သာ သနားစရာဘဝသို့ စုံးစုံးမြုပ်နေလျက်...

Jin-ဘယ်ရောက်သွားလဲ...Jungkook က ကျွန်တော့်ကို ချစ်တယ်လို့ဝန်ခံပီးပီလို့ အရှက်မရှိပြောခဲ့တဲ့ မင်းပါးစပ်..ခုတော့ ပြောစရာစကားမရှိတော့ဘူးလား...ငါ မှတ်မိသေးတယ်သိလား...ငါ့ကို အလဲလဲအပြိုပြိုဖြစ်​စေခဲ့တဲ့ မင်းစကားလုံးတွေ..ငါ ဒူးထောက်တောင်းပန်နေတာတောင် နောက်ကို တစ်ချက်မှလှည့်မကြည့်ခဲ့တဲ့ မင်းခြေလှမ်းတွေ..ငါ့ကို အရူံးသမားတစ်ယောက်အနေနဲ့ ကြည့်ခဲ့တဲ့မင်းအကြည့်​တွေ..ငါ့ကို လှောင်ခဲ့တဲ့ မင်းအပြုံးတွေ...ငါ ဒီတစ်သက်မမေ့ဘူး...

Kim Seokjin စကားတွေကို နားထောင်ရင်း Jimin နှုတ်ခမ်းပြတ်ထွက်တော့မှာစိုးရိမ်ရတယ်...ဟုတ်ပါသည်လေ..အဲ့အချိန်က Jungkook ကို လက်မလွှတ်ရ ပီးရော ဆိုပီး ပါးစပ်ထဲရှိရာ ပြောချင်ရာပြောပီး သဏ္ဍန်လုပ် သရုပ်တူအောင် ပြုမူခဲ့တဲ့ သူ့အပြုအမူတွေ...

တစ်ချိန်က လုပ်ချင်ရာလုပ်ပီးပီဆိုတော့ အခုချိန်မှာ ခံစရာရှိတာ ခံရမှာပေါ့..သူ ဒီကိုလာတာလဲ Kim Seokjin ရဲ့ ဒီလိုအပြောခံရဖို့ ဒီလိုအနှိမ်ခံရဖို့ပဲမလား...Kim Seokjin သာ သက်ရှိထင်ရှား ရှိခဲ့ရင် ဒီနေ့လိုမျိုး ရောက်လာမယ်ဆိုတာ သူ တွေးပီးသားမလို့ အပြစ်လုပ်ထားသူပီပီ ထိုစကားလုံးတွေကို ခံယူဖို့အဆင့်သင့်...

Love Reborn {Completed}Where stories live. Discover now