Zawgi;
တစ်လခန့်ကြာသော်...Taehyung-ဟုတ်ကဲ့ လိပ်စာလေး ပြောပြပေးလို့ရမလား...
Taehyung ဖုန်းတစ်ဖက်ခြမ်းက ရွတ်ပြတဲ့ အိမ်လိပ်စာကို မှတ်စုစာရွက်ပေါ်တွင် ချရေးလိုက်ပီး...
Taehyung-ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ...
ဖုန်းချလိုက်ပီး အိမ်လိပ်စာရေးထားတဲ့ မှတ်စုစာရွက်ကို အရင်းပိုင်းကနေ ဖြဲချလိုက်ရင်း လက်ထဲပါလာတဲ့ စာရွက်ကို စိုက်ကြည့်လိုက်ကာ...
Taehyung-ဒီလိပ်စာက ကြီးကြီးဝယ်ပေးထားတဲ့ Jimin တို့အိမ်နဲ့နီးနီးလေးထင်တယ်...
Jin-Tae Order ရပီလား...
ဆိုင်နာမည်ပါတဲ့ အင်္ကျီလေးနဲ့ Jean အပြာရင့်ရောင် ဝတ်ဆင်ထားတဲ့ Jin ဆိုင်ထဲဝင်ဝင်ချင်း စာရွက်ကိုကိုင်ကာ တစ်ယောက်တည်းရေရွတ်နေတဲ့ Taehyung ဆီလျှောက်လာရင်း လှမ်းမေးလိုက်ခြင်းဖြစ်သည်...
Taehyung-ရပီ..ဒါပေမဲ့ နေရာတွေက တစ်ခုနဲ့တစ်ခု အရမ်းဝေးလွန်းတယ်...
Jin-ရပါတယ်..Tae သာ ကြက်မြန်မြန်ကြော်လိုက်..တော်ကြာ ကြာလို့ဆိုပီး နောက်တစ်ခါ မမှာဘဲနေဦးမယ်...
Taehyung-အင် ဒါဆို ခဏစောင့်နေ..ကျွန်တော် ကြော်လိုက်ဦးမယ်...
Taehyung ကြက်ကြော်နေစဉ်အချိန်အတွင်း သူရဲ့အပျင်းပြေရာတစ်ခုဖြစ်သော ဂိမ်းကိုသာ စားပွဲဝိုင်းတစ်နေရာတွင် ဝင်ထိုင်ပီး ဆော့နေလေသည်...
Jin-ကြိုဆိုပါတယ်ဗျ..ဘာများ သုံးဆောင်ချင်ပါသလဲ...
Jin ဂိမ်းဆော့နေတုန်း စားသုံးသူတစ်ယောက် ဝင်လာတာမလို့ Taehyung လဲ မအားနေတာကြောင့် ဂိမ်းထဲက ထွက်လိုက်ကာ ထိုစားသုံးသူကို ဝတ္တရားအရ ထပီးမေးမြန်းလိုက်သည်...
သူ့ဘက်က ချိုချိုသာသာနဲ့ ချစ်စဖွယ် မေးမြန်းပီးတာတောင် စားသုံးသူကသူ့ရှေ့တည့်တည့်၌ ရပ်ကာ သူ့ကိုမြင်လို့ ဝမ်းသာမျက်ရည်တွေစို့နေတဲ့မျက်ဝန်း..ပြုံးယောင်သန်းတဲ့နှုတ်ခမ်းတို့ဖြင့် တစ်ခုခုပြောဖို့ တွန့်ဆုတ်နေသလိုပင်...
Hoseok-Hyung...
Jin-ဗျာ!!! ကျွန်တော့်ကို ခေါ်တာလား...
သူ တစ်ခါမှမမြင်ဖူး မသိတဲ့လူတစ်ယောက်က သူ့ကို တရင်းတနှီးနှင့် လှိုက်လှိုက်လှဲလှဲခေါ်လိုက်တာကြောင့် သူ ကြောင်အ,နေမိပေမဲ့ ဒီလူရဲ့အသံကိုတော့ သူ သဘောကျမိသည်..တော်တော်လေးကို နွေးထွေးတာ...
YOU ARE READING
Love Reborn {Completed}
ФанфикZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥