Zawgi;
Hoseok-Hyung ပိုက်ဆံရှင်းလိုက်နော်...Jin ခပ်ဟဟရယ်လိုက်ရင်း...
Jin-ဟုတ်ပါပီ..Hyung ပဲရှင်းလိုက်မယ်...
သူတို့နှစ်ယောက် Mini maket တစ်ခုတွင် စားစရာတွေ ဝယ်ပီး ငွေရှင်းကောင်တာသို့ ဦးတည်လိုက်ကြသည်...
Jin-ဒါလေးတွေ တွက်ပေးပါဦး...
"ဟုတ်ကဲ့ပါ..."
အချိန်အနည်းငယ်ကြာသော်...
"အားလုံးပေါင်း ဝမ်ငါးသောင်းခြောက်ထောင်ပါ..."
Jin-Card နဲ့ပဲ ရှင်းမယ်...
သူ ကောင်တာက ကောင်မလေးကို Card ပေးလိုက်သည်...ငွေပိုင်းဖြတ်လိုက်ကာ သူ့ကိုပြန်ပေးတော့ သူတို့နှစ်ယောက်လုံး ဆိုင်ပြင်ထွက်လာကြပီး သူ့အိမ်ကိုပြန်လာကြသည်...
Jungkook တကယ်ပင် အိမ်အရိပ်တောင် မနင်းတော့ပေ...သူအိမ်ပေါ်က ဆင်းပီးကတည်းက Company ဘက် ခြေဦးတောင် မလှည့်တော့တာကြောင့် Hoseok တစ်ယောက်တည်း Company ကို ဦးစီးနေရသည်...Hoseok က Company တစ်ဖက်နဲ့မလို့ Jungkook ကို သေသေချာချာ ဖျောင်းဖျဖို့ အချိန်မပိုနေပေ...ဖျောင်းဖျလဲ အကျိုးသက်ရောက်မှု မရှိသလောက်နည်းမှန်းလဲ Hoseok သိပီးသားဖြစ်သည်...
Jungkook အတွက် အမေကိုဆုံးရူံးလိုက်ခြင်းက ပျက်စီးခြင်းလမ်းစပေါ် ရောက်သွားနိုင်သည့်အထိ အင်အားကြီးလွန်းသည်...Jungkook ထင်ရာစိုင်းနေတာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်...Jin အပေါ်ကိုလဲ အချစ်ကြီးလို့ အမျက်ကြီးတယ်လို့ပဲ ဆိုရမည်...သူ့ဘဝအတွက် အရေးပါဆုံးလူက သူ အချစ်ရဆုံးလူကြောင့် သူ့ဘဝထဲကထွက်ခွာသွားခဲ့တာမလို့ ယူကြုံးမရဖြစ်ကာ Jin အပေါ် ခွင့်မလွှတ်နိုင်ဖြစ်နေသည်...
Hoseok အားတဲ့အချိန်တိုင်း Jin ကို အဖော်လာလုပ်ပေးလေ့ရှိသည်...Jungkook ကို နားဝင်အောင်သွားပြောတာထက် Jin ကို အဖော်လာလုပ်ပေးတာက အကျိုးပိုရှိတယ်ဆိုတာ သွေးမတော် သားမစပ်ပေမဲ့ ငယ်ငယ်ကတည်းက အတူတူနေလာတာမလို့ Jungkook အကြောင်း သူကောင်းကောင်းကြီး နားလည်သည်...
အခုလဲ Hoseok မအားတဲ့အချိန်ထဲက အချိန်တစ်ခုကို ဖဲ့ယူကာ Jin ကို ညဘက်ကြီး အဖော်လာလုပ်ပေးခြင်းဖြစ်သည်...သူတို့နှစ်ယောက် ဆက်ဆံရေးက အရင်အတိုင်းပင်...အရင်အတိုင်းမဖြစ်နိုင်တော့တဲ့ ဆက်ဆံရေးတစ်ခုလဲ ရှိနေပါသေးသည်...
YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥