Zawgi;
Jungkook-Hyung ဒါ ကျွန်တော်တို့အိမ်ပဲ...Jungkook နဲ့သူနဲ့ ကားပေါ်က ဆင်းလိုက်ပီး သူ ရှေ့က အုတ်တံတိုင်းတွေပဲမြင်ရတယ်ဆိုပေမဲ့ ဒီအုတ်တံတိုင်း အတွင်းထဲမှာ သူ တစ်ခါမှလှည့်မကြည့်ဖူး ခြေမချဖူးတဲ့ လူချမ်းသာတွေရဲ့ စိတ်တိုင်းကျပြင်ဆင်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့အိမ်အနေအထား ပတ်ဝန်းကျင်အနေအထားတွေ ရှိကိုရှိလိမ့်မယ်ဆိုတာ သူသိပါသည်...
Jungkook သူ့လက်ကိုလှမ်းကိုင်လိုက်ကာ...
Jungkook-ဝင်ကြရအောင်လေ...
Jin-အင်...
Jungkook ကို တည်ငြိမ်တဲ့မျက်နှာထား အေးဆေးတဲ့အသံနဲ့ ပြောလိုက်ပေမဲ့ သူ့စိတ်ထဲ အထဲဝင်ဖို့ မနှစ်မြို့နေပါ...သူ တစ်သက်လုံး မပြင်လာတဲ့အကျင့်ဟာ အခုချက်ချင်းကြီး ဖျက်ဖျောက်ဖို့လွယ်တဲ့အရာမှ မဟုတ်တာ...
သို့သော် Jungkook password ရိုက်နှိပ်ပီး ခြံထဲဝင်သွားလိုက်တော့ ခြံအပြင်မှာ ဖြစ်ပေါ်နေခဲ့တဲ့ သူရဲ့ ပူလောင်နေတဲ့စိတ်တွေက အေးချမ်းသွားသယောင်..မနှစ်မြို့နေတဲ့စိတ်တွေဟာ ကြည်လင်သွားသယောင်...
ခြံထဲဝင်သွားတာနဲ့ တောင်ကုန်းအနေအထားလမ်းရဲ့ ဘေးတစ်ဖက်တစ်ချပ်စီတွင် ရောင်စုံပန်းအိုးတွေလေးက လှပစွာ ပွင့်ဖူးနေကြပီး ရနံ့လေးတွေကလဲ သင်းပျံ့လျက်...ခြံထောင့်ပတ်ပတ်လည်မှာ စိုက်ပျိုးထားတဲ့ သစ်ပင်လေးတွေက စိမ်းစိမ်းစိုစိုလေးတွေနဲ့ ခန့်ညားလွန်းလှသည်...သစ်ပင်ပတ်ပတ်လည်မှာ ရစ်ပတ်ထားတဲ့ ရောင်စုံမီးသေးသေးလေးက ညဘက်ဆိုရင် ချစ်ဖို့ကောင်းစွာနဲ့ လင်းထိန်နေမှာ အသေအချာပင်...
Jungkook-Hyung လှတယ်မလား...
Jin ပန်းလေးတွေကို အကြည့်လွှဲလိုက်ပီး Jungkook ကို ပြုံးပြလိုက်ကာ...
Jin-လှတယ် Jungkook..အရမ်းလှတယ်...
Jungkook-ဒါတွေကို မေမေကိုယ်တိုင် စိုက်ထားတာလေ...
Jin အံသြစွာဖြင့်...
Jin-ဟမ်!! အလုပ်သမားတွေ မရှိဘူးလား...
Jungkook-ရှိတယ် Hyung ရဲ့...ခြံသန့်ရှင်းရေးနဲ့ မြက်တွေပဲ ရှင်းလင်းရတာ...ပန်းပင်ရေလောင်းတာတို့ မြေစာကျွေးတာတို့က မေမေပဲ လုပ်တယ်...ဘယ်သူ့ကိုမှ ပေးမလုပ်ခိုင်းဘူး...မေမေက အပင်တွေကို အရမ်းဂရုစိုက်တာ...
YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥