Zawgi;
Taehyung-Jimin!!!Taehyung ဆိုင်သွားဖို့ အိမ်တံခါးဖွင့်လိုက်တဲ့အချိန် Jimin လဲ တံခါးကို ခေါက်ဖို့ပြင်နေတဲ့ လက်ဟန်ဖြင့် သူ့ကို ပြုံးပြပီး အိမ်ထဲ ဝင်သွားတဲ့အတွက် သူလဲ Jimin နဲ့မျက်နှာချင်းဆိုင်တွင် ပြန်ဝင်ထိုင်လိုက်သည်...
Jimin-ငါလာတာ စောသွားလား...
Taehyung-မစောပါဘူး ငါလဲ ဆိုင်သွားတော့မလို့...
Jimin-ငါလဲ ဆေးရုံမသွားခင် ဝင်လာတာ...
Taehyung-ပြောပါဦး အိမ်ကို ဘာကိစ္စရှိလို့လဲ...
Taehyung မေးတာကို လျစ်လျူရူပီး Jimin အိမ်ပတ်ပတ်လည်ကို မျက်စိဝေ့ကာ လိုက်ကြည့်ရင်း တစ်စုံတစ်ခုကို လိုက်ရှာနေတယ်ဆိုတာ Taehyung သတိထားမိသွားသည်...
Taehyung-ဘာတွေ လိုက်ရှာနေတာလဲ..ပြောစရာရှိ မပြောဘဲနဲ့...
Taehyung ပြောလိုက်မှ Jimin ရှာဖွေနေတာကိုရပ်ပီး သူ့ဘက် ပြန်လှည့်ကာ...
Jimin-Woojin Hyung ရော...
Taehyung-ရေချိုး~~~
Jin-Hrr Jimin ရောက်နေတာလား...
Taehyung စကားမဆုံးခင် အခန်းထဲက ထွက်လာသော Jin တစ်ယောက် Jimin ကိုတွေ့လိုက်တာကြောင့် အပြုံးတစ်ခုနှင့်အတူ မေးခွန်းထုတ်နေရင်း Taehyung ဘေးတွင် ဝင်ထိုင်လိုက်သည်...
Jimin-ကျွန်တော် Hyung ရော Taehyung ကိုရော ပြောစရာရှိလို့ ရောက်လာတာ...
Taehyung မျက်မှောင်ကြုတ်လိုက်ကာ...
Taehyung-ပြောစရာ! Woojin Hyung ကိုရောလား...
Jimin-အင်...
Jin-ဘာများလဲ ပြောလေ...
Jimin သူတို့နှစ်ယောက်ကို အချိန်အနည်းငယ်အကြာ တစ်ယောက်တစ်လှည့်စီ စိုက်ကြည့်နေပီးမှ အသံထွက်လာသည်...
Jimin-Jungkook က လူပျိုမဟုတ်~~~
Jin-Aww ဒီအကြောင်းဆိုရင်တော့ Taehyung ပြောပြလို့ Hyung သိပီးပီ...
Jimin စကားမဆုံးခင် Jin ဖြတ်ပြောလိုက်ပေမဲ့ Jimin ခေါင်းခါနေရင်း...
Jimin-မဟုတ်ဘူး..Hyung တို့သိထားတာ အကုန်မဟုတ်ဘူး...
Jin-သူ့အကြောင်း အကုန်သိဖို့ရော လိုလို့လား...
YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥