Zawgi;
Jin-ဆေးရုံအုပ် သူတို့က ရောက်မလာသေးဘူးလား!!!ဆေးရုံအစည်းအဝေးခန်းအတွင်းတွင် ဆေးရုံအုပ်နဲ့အတူ ပါမောက္ခ..ပါရဂူ အမျိုးမျိုးသော ရာထူးအမည်ခံတွေရှိတဲ့ လူအမြောက်အများ ကိုယ့်နေရာ ကိုယ်ထိုင်ကာ ရောက်လာကြမဲ့ လက်ထောက်ဆရာဝန်တွေကို စောင့်နေကြသဖြင့် ပြောထားတဲ့အချိန်ထက် အနည်းငယ် နောက်ကျသွားတဲ့အထိ ထိုသူတို့ ရောက်မလာကြသေးတဲ့အတွက် ထိပ်ဆုံးမှာထိုင်နေတဲ့ ဆေးရုံအုပ်ကို သူ စိတ်မရှည်စွာ အော်မေးလိုက်ခြင်းဖြစ်သည်...
သူက ဒီဆေးရုံရဲ့ ဒုတိယအများဆုံးရှယ်ယာရှင်ရဲ့ သမက်ဖြစ်တဲ့အပြင် သူ့ရဲ့ခက်ထန်ပီး ပြတ်သားတဲ့ဖြစ်တည်မှုကြောင့် လူတိုင်းက အလိုလိုနေရင်း ကြောက်လန့်နေကြသည်...
ဆေးရုံအုပ်လဲ သူ့ကိုထိတ်ထိတ်လန့်လန့်ဖြင့်...
"ရောက်လာတော့မှာပါ ဒေါက်တာ Kim Seokjin ရယ်...အခုမှ ဆယ့်ငါးမိနစ်လောက်ပဲ စွန်းသေးပါတယ်..."
သူ ထိုင်နေရာမှ ဝုန်းခနဲ မတ်တပ်ထရပ်တော့ ကျန်တဲ့သူတွေက သူ့ကို အလန့်တကြား လှည့်ကြည့်ကြသည်...
သူ ဆေးရုံအုပ်ကို မျက်မှောင်ကြုတ်ထားပီး စိုက်ကြည့်ကာ...
Jin-ဆယ့်ငါးမိနစ်ပဲ စွန်းသေးတယ်ဟုတ်လား!! ဆေးရုံအုပ်ကြီးအတွက် ဆယ့်ငါးမိနစ်က တန်ဖိုးမရှိပေမဲ့ ကျွန်တော့်အတွက်တော့ တန်ဖိုးရှိတယ်!!
ပွဲကြည့်ပိရိသတ် လုပ်နေကြတဲ့ ဂျူတီကုတ်အဖြူတွေနဲ့ လူအများဟာ ရင်တထိတ်ထိတ်နဲ့ ဒေါသထွက်နေတဲ့ သူ့ကိုကြည့်လိုက်..စိုးရိမ်နေတဲ့ ဆေးရုံအုပ်ကို ကြည့်လိုက်နဲ့ အလုပ်ရူပ်နေကြသည်...
Jin-ပုပ်သွားတဲ့ ဆယ့်ငါးမိနစ်အချိန်အတွင်းမှာ ကျွန်တော် လူနာသုံးယောက်ကို ကုသပေးနိုင်တယ်!!
ထိုစကားဟာ သူတို့အတွက် မယုံနိုင်စရာ မရှိပေ...သူဟာ ပါမောက္ခတစ်ဦးဖြစ်ပေမဲ့ သူ့ပညာဟာ ပါရဂူတွေတောင် လက်မြှောက်ရတဲ့အထိ များပြားလွန်းသည် ရှားပါးလွန်းသည် ထူးခြားလွန်းသည်...
လူနာတစ်ယောက်ကို နဲနဲပါးပါး ထိတွေ့စမ်းသပ် မေးမြန်းလိုက်တာနဲ့ ထိုလူနာဟာ ဘာရောဂါဝေဒနာကို ခံစားနေရမှန်း မျက်စိတစ်မှိတ်အတွင်း ပြောလိုက်နိုင်သည်...ထိုသို့ ပြောလိုက်တိုင်း စက်ပစ္စည်းတွေနဲ့ စစ်ဆေးပီးတာနဲ့ သူပြောတာ မှားသွားတယ်ဆိုတာ Kim Seokjin သမိုင်းမှာ မရှိသေးပေ...
YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥