Zawgi;
Jin စာမေးပွဲဖြေနေတဲ့ကျောင်းရှေ့ Jungkook သွားရပ်စောင့်ပီး သိပ်မကြာ အပေါင်းအဖော်တွေနဲ့ လူတစ်စုပီးတစ်စု ထွက်လာကြသည့်ကြားထဲတွင် Jin တစ်ယောက်တည်း လွယ်အိတ်တစ်လုံးနဲ့ ကျောင်းဝန်းထဲကထွက်လာတာကို သူမြင်လိုက်သည်...Jin ဆီ သူပြေးသွားပီး ဘေးချင်းကပ် လျှောက်နေရင်းJungkook-Hyung စာမေးပွဲဖြေနိုင်လား...
Jin သူ့ကို ခေါင်းစောင်းကြည့်ရင်း...
Jin-ဘယ်လိုထင်လဲ...
Jungkook-ပြောစရာလိုသေးလို့လား...Hyung က တော်ပီးသားပဲဟာ...
Jin-သိရင်လဲ ဘာလို့မေးသေးလဲ...
Jungkook နှာတစ်ချက်ရူံ့လိုက်ကာ...
Jungkook-မဖြေမှန်းသိရက်နဲ့ မေးမိတဲ့ကျွန်တော်ပဲ မှားတယ် ဟုတ်ပီလား...
Jin မခို့တရို့ ရယ်လိုက်ရင်း စကားသံတွေ ခဏတာတိတ်ဆိတ်သွားသည်...
ထို့နောက် သိပ်မကြာ...
Jungkook-Hyung...
Jin သူ့ကိုလှည့်မကြည့်ဘဲ...
Jin-ဟင်..
Jungkook-ကျွန်တော့်ကို ဘယ်တော့အဖြေပေးမှာလဲဟင်...
Jin-ဘယ်တော့မှ မပေးဘူးဆိုရင်ရော...
Jin ရဲ့အဖြေကြောင့် သူခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားသည်...Jin ကတော့ ဆက်လျှောက်နေဆဲ...
ဟင်!! သုံးနှစ်လုံးလုံး Hyung နားကပ်နေတဲ့ကျွန်တော့်ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့တာလား..လှည့်ရောကြည့်ခဲ့ရဲ့လား...ကျွန်တော်က Hyung အတွက် ဘာမှမဟုတ်တဲ့ Hyung ကို လိုက်နှောင့်ယှက်နေတဲ့ လူတစ်ယောက်သက်သက်ပဲလား...
Jin နောက် သူ အမှီလိုက်ပီး Jin လက်ကို နောက်ပြန်ဆွဲလိုက်တော့ Jin နဲ့သူနဲ့ မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားသည်...
Jin သူ့ကို ဘာလဲဆိုပီး မေးဆတ်ပြလိုက်တော့...
Jungkook မျက်ထောင့်များနီနေကာ ပုံမှန်မဟုတ်တဲ့ အနည်းငယ်တုန်ရီနေသော အသံများနှင့်...
Jungkook-Hyung..Hyung ကျွန်တော့်ကို မချစ်ဘူးဆိုတာ သေချာသွားပီပေါ့...Hyung မကောင်းဘူး...ကျွန်တော့်အချစ်ကို တန်ဖိုးမထားဘူး..ကျွန်တော့်ကိုလဲ တစ်ခါမှ အရေးမလုပ်ခဲ့သလို လှည့်လဲမကြည့်ခဲ့ဘူး..အီး~ဟီး~~ဟင်း~~
YOU ARE READING
Love Reborn {Completed}
Fiksi PenggemarZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥