Zawgi;
ဒီနေ့က သူ့စိတ်ထဲပဲ ထင်လို့ပဲလားတော့မသိပေ..သူ့ဘေးပတ်ဝန်းကျင်ဟာ ခြောက်ကပ်လွန်းသည်..အေးစက်လွန်းသည်...ကောင်းကင်ပြာပြာထက်က တောက်ပနေတဲ့ နေမင်းနဲ့အပြိုင် ရင်ထဲ ပူလောင်လွန်းသည်..သို့သော် နေအလင်းရောင်ကဲ့သို့ သူ့အနာဂတ်က မတောက်ပတော့ဘူးဆိုတာ သူထင်ခဲ့မှာမဟုတ်ပေ...Jin-Jungkook မနက်စာစားသွားဦးလေ...
Suit အပြည့်နှင့် လက်ဆွဲအိတ်ကို လက်တစ်ဖက်က ကိုင်ကာ အခန်းထဲက ထွက်လာသော Jungkook ကို မနက်စာပြင်နေတဲ့သူက လှမ်းခေါ်လိုက်ခြင်းဖြစ်သည်...
Jungkook သူ့အပေါ် ခါတိုင်းလို နွေးနွေးထွေးထွေး မရှိတော့ဘဲ အေးတိအေးစက် ဆက်ဆံလာသည်...မနက်တိုင်း သူ့ကို Morning Kiss ပေးပီး နှိုးတဲ့လူက အခုဆို အိမ်ကို ပြန်လာချင် ပြန်လာ၏ မပြန်လာချင် မပြန်လာပေ...ညတိုင်းမျှော်နေတဲ့သူက အရူးတစ်ယောက်လိုပင်...အမေဖြစ်သူကို ဆုံးရူံးခါစမလို့..သူ့ကို စိတ်ဆိုးနေတုန်းမလို့..သူ့ကို ခွင့်လွှတ်ဖို့ အချိန်လိုအပ်သေးတယ်ထင်လို့ သူ မချုပ်ချယ်ဘဲ Jungkook စိတ်ကြိုက်လွှတ်ထားသည်မှာ ဥက္ကဋ္ဌကြီးဈာပနပွဲပီးကတည်းက အခုဆို တစ်ပတ်နီးပါး ရှိသွားပီဖြစ်သည်...
Jungkook အေးတိအေးစက် မျက်နှာထားဖြင့်...
Jungkook-ဘာတွေ အခုမှ လာဂရုစိုက်ရတာလဲ...
Jin-Jungkook Hyung ကို အခုထိ စိတ်ဆိုးနေတုန်းလား...
Jungkook ပါးစောင်းကို လျှာဖြင့် ထိုးလိုက်ပီး စိတ်တိုနေတဲ့မျက်လုံးတစ်စုံဖြင့်...
Jungkook-စိတ်ဆိုးနေတုန်းလား..ဟုတ်လား!! စိတ်ဆိုးနေတာမဟုတ်ဘူး စိတ်နာတာ!!
စားပွဲခုံဘေး ဖြတ်လျှောက်ပီး Jungkook ရှေ့ ရပ်လိုက်ကာ...
Jin-Hyung ဘာလုပ်ရမလဲ..Hyung ဘာလုပ်ပေးရမှ မင်း ခွင့်လွှတ်မှာလဲ...Hyung အကုန်လုပ်ပေးမယ်...
Jungkook သူ့ကို လှောင်ပြုံးပြုံးလိုက်ကာ...
Jungkook-သေချာလား...
သူလဲ စိတ်ပိုင်းဖြတ်ထားလိုက်ပီး...
Jin-သေချာတယ်...
Jungkook သူ့ကို စူးရဲလှတဲ့ မျက်လုံးတစ်စုံနှင့်အတူ နှုတ်ခမ်းပါးပါးလေးမှ ထွက်ကျလာတဲ့စကားတစ်ခွန်း...

YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥