Episode 25

2.5K 261 27
                                    

Zawgi;
"အဟမ်း! အဟမ်း!"

သို့​သော် လူနာကုတင်ပေါ်က ဖက်အိပ်နေကြသော လူနာနဲ့ လူနာရှင်အတွက် Nurse တစ်ယောက်ရဲ့​ချောင်းဟန့်သံက အရာမဝင်ပေ...

"အဟမ်း ဟမ်း! ဟွတ်...အဟွတ်! အမယ်လေး သေပါပီ"

Jin-ဟမ်!!

လုပ်ချောင်း ဆိုးနေရင်းမှ တကယ့်ချောင်း ဖြစ်တော့မှ ကုတင်ပေါ်က လူနာရှင်ရဲ့ အဖတ်လုပ်​ဖော် ရတော့သည်...

ချောင်းဆိုးသံကြားလို့ မျက်လုံးမပွင့်တပွင့်ဖြင့် ခေါင်းထောင်ကြည့်လိုက်တော့ တံခါးဝနားတွင် မတ်တပ်ရပ်ပီး ချောင်းတွေဆိုးကာ မျက်ရည်တွေပါ ဝဲတက်နေတဲ့ Nurse တစ်ယောက်တွေ့တော့မှ Seokjin ချက်ချင်းပဲ ကုတင်ပေါ်က ဆင်းလိုက်သည်...ထို့နောက် Jungkook လက်မောင်းကို လှုပ်ရမ်းနေရင်း...

Jin-Jungkook Jungkook ထ ထတော့..မိုးလင်းနေပီ...

Jungkook-အင်~~~ ခဏလေးပဲ..နော် Hyung...

Jin-အ..

Jungkook မျက်လုံးမပွင့်ဘဲ ပြောချင်ရာပြောကာ သူ့လက်မောင်းကို ကိုင်ထားသော Seokjin ရဲ့ လက်တစ်ဖက်ကိုပါ အားနဲ့ ဆွဲဆောင့်လိုက်တော့ Seokjin သူ့ကိုယ်​အ​ပေါ် ယိုင်ကျသွားပီး ချက်ချင်းပဲပြန်ထကာ Jungkook ကျောပြင်ကို ခပ်နာနာလေး ရိုက်လိုက်သည်...

Jin-ဘယ်လိုဖြစ်နေတာလဲ Nurse ရောက်နေပီ...

Jungkook-ဟမ်!

အဲ့တော့မှ Jungkook ရဲ့ မပွင့်ချင်နေတဲ့မျက်လုံးတွေ ချက်ချင်းဆိုသလို ပြူးထွက်သွားကာ Nurse ဘက်ကို လှည့်ပီး အားနာသလို ပြုံးပြရင်း ကုတင်ခေါင်းရင်းဘက် ရွေ့သွားကာ ခပ်လျောလျော ကျောမှီလိုက်သည်...

"ညကအိပ်လို့မှ ကောင်းရဲ့လား လူနာ"

Nurse ကုတင်ဘက် လျှောက်လာရင်း Jungkook ကို စနောက်လိုက်ခြင်း...

Jungkook-ကောင်းပါတယ်..

"ဒေါက်တာ မျက်နှာသစ်ချင်ရင် သွားသစ်လို့ရတယ်နော်..​ဆေး​လဲတာ ကြာဦးမှာ"

Jin-ဒါဆိုလဲ မျက်နှာသွားသစ်လိုက်ဦးမယ်...

Seokjin ခပ်တည်တည်နဲ့ သန့်စင်ခန်းထဲဝင်သွားကာ ဘေစင်ရှေ့ ရောက်မှ တည်ငြိမ်နေတဲ့မျက်နှာဖုံး ကွာကျသွားပီး မျက်နှာကို ရေနဲ့ ခပ်ကြမ်းကြမ်း ပက်ထည့်လိုက်ကာ...

Love Reborn {Completed}Where stories live. Discover now