Episode 26 {Final}

4.8K 333 42
                                    

Zawgi;
"ချုပ်ရိုးဖြည်ထားတာ အနာလဲကျက်နေပီဆိုတော့ ဆေးရုံက ဆင်းလို့ရပါပီ.."

ကုတင်ပေါ်မှာ လဲလျောင်းနေကာ ဆရာဝန်ပြောတာကို ငြိမ်သက်စွာ နားထောင်နေသော Jungkook တစ်ယောက် ဆရာဝန်စကားအဆုံး ကျေနပ်စွာဖြင့် ပြုံးပြလိုက်သည်..

Jin-Minseok ahh မင်းပြောတာ နောက်ကျသွားပီ..

Seokjin ပြောနေရင်း တစ်နေရာကို မျက်စပစ်ပြလိုက်တော့ ဆရာဝန်လဲ လိုက်ကြည့်မိကာ ခပ်ဟဟ ရယ်လိုက်မိသည်...

"ပစ္စည်းတွေတောင် သိမ်းပီးသွားပီလား..ဒေါက်တာ Kim Seokjin က သူများတွေထက် ခြေတစ်လှမ်းစာ အမြဲ​စောတာ ထုံးစံပဲ"

Jin-ဒီတစ်ခါတော့ ငါက မင်းထက် ခြေတစ်လှမ်းစာ ​စောတာ မဟုတ်ဘူး..ကုတင်ပေါ်က တစ်ယောက်က ပြန်မယ်ချည်းပဲ ပြောနေလို့ သူစိတ်ချမ်းသာအောင် ပစ္စည်းတွေ သိမ်းထားပေးတာ..မင်း ဆေးရုံက ဆင်းလို့ရပီ ပြောလိုက်တော့ အတော်ပဲ ဖြစ်သွားတာ...

"Aww အဲ့လိုလား"

Seokjin ပြောတာကို ပြုံးစိစိနဲ့ နားထောင်ရင်း သူ့အတင်းကို ပေါ်တင်တုပ်နေတယ်ဆိုပီး မျက်နှာပုပ်ထားတဲ့ Jungkook ဘက်လှည့်ကာ...

"ဘာလို့ အဲ့လောက်တောင် ပြန်ချင်နေရတာလဲ"

Jungkook-ကျွန်တော် ဆေးရုံအနံ့ မခံနိုင်လို့..

"ဟုတ်လား..အရင်တုန်းကဆို ဒေါက်တာဆီ နေ့တိုင်းလိုလို လာနေပီးတော့"

Jungkook ငယ်ငယ်ကတည်းက ဆေးရုံအနံ့ကို မခံနိုင်တာဖြစ်သည်..သို့သော် Seokjin ကို တွေ့ချင်လွန်းလို့ အကြောင်းပြချက်တစ်ခုမဟုတ် တစ်ခုရှာကာ ဆေးရုံကို နေ့တိုင်းနီးပါး လာနေခြင်းသာ...

Jimin အတွက်ကြောင့်နဲ့တော့ သူ ဆေးရုံဘက်ကို ယောင်လို့တောင် လှည့်မလာပေ..
ဆေးရုံအနံ့ကို မခံနိုင်တာရယ်..
Park Jimin က Kim Seokjin မဟုတ်တာကြောင့်ရယ်...

Jungkook-ဒါကတော့ တူမလားဗျာ..ဆေးရုံအနံ့ မခံနိုင်ပေမဲ့ တွေ့ချင်တော့လဲ ဆေးရုံအနံ့က ဘာအရေးလဲ..ဒီလိုပဲဗျ အချစ်ဆိုတာ~~~

Jin-Jeon Jungkook!!!!

Seokjin သာ မတားရင် Jungkook တစ်ယောက် သူရဲ့ အချစ်ဒေသနာတွေကို လူပျိုကြီးသိအောင် အားမနာတမ်းပြောတော့မည်ဆိုတာ Seokjin သိနေတာမလို့ အော်လိုက်ခြင်းဖြစ်သည်...

Love Reborn {Completed}Where stories live. Discover now