Episode 22

2.3K 279 47
                                        

Zawgi;
အမြင်အာရုံကို ဦးစွာကြိုဆိုလိုက်တာက အဖြူရောင်မျက်နှာကျက်..ဘေးတစ်ဖက်တစ်ချပ်စီက လိုက်ကာအစိမ်းရောင်..တင်းကျပ်နေတဲ့လက်တစ်ဖက်..ကုတင်စောင်းပေါ် ခေါင်းမှောက်အိပ်နေတဲ့ Taehyung...

သူ Taehyung ကို မနှိုးဘဲ ဒီအတိုင်းပဲ ကြည့်နေမိသည်..သူကြည့်နေတုန်း Taehyung ခေါင်းထောင်လာကာ ကုတင်ပေါ်က သူ့ကို ကြည့်မိ​တော့ ဆုပ်ကိုင်ထားတဲ့သူ့လက်ကို လွှတ်လိုက်ကာ...

Taehyung-Hyung သတိရလာပီလား...

Jin-အင်..

Taehyung-ခေါင်းရော မူးသေးလား..တခြား ဘာဖြစ်သေးလဲ...

Jin ကိုယ်ကို မတ်မတ်ထိုင်လိုက်ရင်း ခေါင်းခါလိုက်ကာ...

Jin-ဘာမှ မဖြစ်ဘူး Taehyung..ငါ အိမ်ပြန်ချင်တယ်...

Taehyung-ဟမ်!!

Taehyung Jin ကို သေသေချာချာ စိုက်ကြည့်နေမိသည်..ပြောင်းလဲသွားသည်..တော်တော်လေးကို ပြောင်းလဲသွားတာ ဖြစ်သည်...မျက်လုံးအရောင်တွေက တောက်နေကာ သြဇာအာဏာ ကိန်းအောင်းနေသည်ကို အထင်းသားမြင်နေရသည်..အရင်က နူးညံ့သည့်အကြည့်တွေအစား ခက်ထန်တဲ့အကြည့်တွေကိုသာ လက်ခံရရှိနေမိသည်...

သူ့ကို ခေါ်လိုက်သည်မှာ "Taehyung"..ပီးတော့ "ငါ" ဆိုတဲ့အသုံးအနှုန်း...Kim Seokjin သူ့ဆီ စရောက်ကတည်းက Kim Woojin သူ့ကို ခေါ်ခဲ့သည့်အတိုင်း "Tae" ဆိုတဲ့အသုံးအနှုန်းဖြင့် သူကိုယ်တိုင် Seokjin ကို ပုံသွင်းခဲ့တာဖြစ်သည်..ဒါကြောင့် ဒီသုံးနှစ်ကျော် ကာလပတ်လုံး သူတို့နှစ်ယောက်ကြား "Tae" နဲ့ "Hyung" သာ သုံးနှုန်းခဲ့ကြသည်...အခုမှ ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ...

Jin-ပီးတော့ ငါ မင်းကို Kim Woojin နဲ့ပတ်သတ်ပီး မေးစရာတွေ အများကြီးရှိတယ်...

Taehyung-Hyung..မဟုတ်မှလွဲရော~~အတိတ် ပြန်မှတ်မိသွားပီလား...

Jin ခေါင်းညိမ့်ပြလိုက်တော့...

Taehyung-Jungkook ကိုခေါ်~~~

Jin-ဘာလို့ခေါ်မှာလဲ! သူနဲ့ငါနဲ့က ကွာရှင်းထားတဲ့သူတွေ..ဘာမှမဆိုင်တော့ဘူး...

Taehyung-ဟမ်!!!

Taehyung စကားမဆုံးခင် Jin ဖြတ်ပြောလိုက်တဲ့စကားလုံး​တွေဟာ ပြတ်သားလွန်း​နေသည်...

Love Reborn {Completed}Where stories live. Discover now