Zawgi;
Hoseok-Jungkook မင်း ကိုးရီးယားပြန်ရောက်နေပီလား...Jungkook-ဟုတ်တယ်...အခု ကျွန်တော် အိမ်သွားနေတာ...
Jungkook USA ကနေ ကိုးရီးယားပြန်ရောက်ရောက်ချင်း သူ့အဒေါ်ရဲ့ မွေးစားသား..သူနဲ့ သွေးမတော် သားမစပ်တဲ့ အကိုဝမ်းကွဲဖြစ်သူ Jung Hoseok နဲ့ ကားမောင်းနေရင်း ဖုန်းပြောနေခြင်းဖြစ်သည်...
Hoseok-ဘယ်အိမ်ကို သွားနေတာလဲ...
Hoseok သူ့ကိုပြန်မေးပီးသကာလ တိတ်ဆိတ်မှုကြီးက ခဏတာ ကြီးစိုးသွားသည်...ထို့နောက် သိပ်မကြာ...
Jungkook-Hyung အခုလက်ရှိ နေနေတဲ့အိမ်ပေါ့...
Hoseok-ဟာ ဟုတ်လား...Hyung က အခု Company မှာ...အိမ်မှာ မဟုတ်ဘူး...
Jungkook-Arr ဟုတ်သားပဲ...အလုပ်မလုပ်ဘဲ သုံးနှစ်လုံးလုံး အလေ လိုက်နေတော့ Company ပိတ်ရက်တွေ ဖွင့်ရက်တွေတောင် မေ့နေပီ...
Hoseok-ကိုယ့်ကိုကိုယ် အလေလိုက်နေမှန်းတော့ သိသားပဲ...သိရင်လဲ Company ကို ပြန်လာဦးစီးလေကွာ...မင်းနဲ့ USA ကို အတူတူ ထွက်သွားပီး မင်းမပါဘဲ ငါပြန်လာကတည်းက သုံးနှစ်လုံးလုံး ငါတစ်ယောက်တည်း Company ကို ဦးစီးနေရတာ...
Jungkook လေသံဖျော့ဖျော့ဖြင့်...
Jungkook-ကျွန်တော်လဲ Hyung ကို အားနာပါတယ်...ကျွန်တော်လဲ ကျွန်တော့်ကိစ္စနဲ့ကျွန်တော်ဆိုတော့ Company ကို ပစ်ထားခဲ့သလိုဖြစ်သွားတယ်...Hyung ကို ဒုက္ခပေးမိသလိုဖြစ်သွားတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်...
Hoseok-အေ ငါ့ကိုအားနာနေရင်လဲ Company ကိုပြန်လာပီး ငါရဲ့ဒုက္ခတွေ တစ်ဝက်လောက် လာယူစမ်းပါ...
Jungkook ခပ်ဟဟရယ်လိုက်ရင်း...
Jungkook-အင်ပါ ကျွန်တော်လဲ Company ကိုပြန်လာတော့မှာပါ...ကျွန်တော့်ရဲ့ CEO အခန်းလဲ မှိုတွေတက်နေပီလား...
Hoseok အားရပါးရ ရယ်လိုက်ကာ...
Hoseok-အေ ဟုတ်တယ်...ပင့်ကူအိမ်တွေပါ ဆောက်နေပီ...မြန်မြန်ပြန်လာတော့...ဒါနဲ့ Jimin ရော...
Jungkook-သူက ဆေးရုံအုပ်နဲ့သွားတွေ့တယ်...သူ ဆေးရုံမှာ အလုပ်ဆင်းရမဲ့ရက်ကို သွားမေးတာထင်တယ်...
Hoseok-Aww ဒီတစ်ခေါက်တော့ လက်ထောက်ဆရာဝန်အဖြစ်နဲ့မဟုတ်ဘဲ နိုင်ငံခြားပြန် ပါမောက္ခအဖြစ်နဲ့ အလုပ်ဆင်းမှာပေါ့...
YOU ARE READING
Love Reborn {Completed}
Fiksi PenggemarZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥