Episode 13

2.1K 242 29
                                    

Zawgi;
"🎶🎵🎶🎶🎵🎵"

Jungkook တစ်ယောက် Hoseok ပေးထားတဲ့ နည်းနည်းလေးဆိုသော သုံးနှစ်စာ Company နှစ်ချုပ်စာရင်းတွေ ကုန်ကြမ်းစာရင်းတွေ နိုင်ငံခြားဝင်ငွေ ထွက်ငွေစာရင်းတွေနဲ့ ခေါင်းမီးတောက်နေစဉ် ဖုန်းဝင်လာတာကြောင့် စားပွဲပေါ်တင်ထားတဲ့ ဖုန်း contact ကို လှမ်းကြည့်လိုက်တော့ "Jimin Hyung"

Jungkook-အင် Hyung ပြော...

Jimin-Jungkook ထမင်းစားချိန်ကျရင် Hyung ရဲ့ညီလေးဆီ သွားရအောင်...

Jimin ရဲ့ညီလေး ဆိုလို့ Jungkook တစ်ချက်စဉ်းစားလိုက်ပီးမှ Jimin နဲ့ ထမင်းအတူတူစားတဲ့နေ့တုန်းက အမှတ်တမဲ့ တွေ့ခဲ့တဲ့တစ်ယောက်ကို ပြန်မှတ်မိသွားသည်...Jimin က Jungkook ကို Taehyung အကြောင်း ပြောလေ့ပြောထရှိတာကြောင့် Taehyung နာမည်ကိုလဲ ရင်းနှီးနေပီး သူ့အကြောင်းကိုလဲ သိသင့်သလောက်​တော့သိထားသည်...လူချင်းကတော့ အပြင်မှာ စကား တစ်ခါမှမပြောဖူးပေ...

Jungkook-ကျွန်တော် ဒီနေ့မှ အလုပ်စဆင်းတာဆိုတော့ အလုပ်ကလဲ ပုံနေတာပဲ..အဲ့ဒါလေ~~

Jimin-Jungkook ကလဲ ဒီတစ်ခါလေးတော့ Hyung နဲ့ လိုက်တွေ့ပေးပါ...Hyung က နောက်ပိုင်းဆို အလုပ်တွေများလာတော့မှာ...

Jungkook-ဒါဆိုလဲ Hyung အရင်သွားနှင့်လိုက်..လိပ်စာကို Message ပို့ထားပေး..စာရင်းတွေ ရသလောက် လက်စသတ်ပီးရင် ကျွန်တော် လိုက်လာခဲ့မယ်...

Jimin-ဒါဆို Hyung အရင်သွားနှင့်လိုက်မယ်..လိုက်လာခဲ့နော်...

Jungkook-ဟုတ်ကဲ့...

ရင်ထဲကမပါတဲ့ အဖြေတစ်ခုနှင့်အတူ စိတ်ပျက်လက်ပျက်နဲ့ ဖုန်းချလိုက်ပီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်...Jimin ဘာလို့ ညီဖြစ်သူနဲ့ သွားတွေ့ရတဲ့အကြောင်းအရင်းကို Jungkook သိပါသည်...Jimin သူနဲ့လက်ထပ်ဖို့အကြောင်းကိစ္စ ပြောဖို့ကလွဲရင် တခြားမရှိပေ...ဒါကြောင့် Jungkook အလုပ်နဲ့အကြောင်းပြကာ ငြင်းလိုက်မိသည်...သို့သော် အရာမထင်ခဲ့...

Jimin Jungkook ကို လက်ထပ်ဖို့ ခဏခဏပြောပါသည်..Jungkook ကသာ မသိချင်ယောင်ဆောင်ထားကာ ဝေ့လည်ကြောင်ပတ်လုပ်နေခြင်း ဖြစ်သည်...ပါးစပ်ကသာ ထုတ်မပြောရုံတမယ် အပြုအမူတွေကို ကြည့်ခြင်းအားဖြင့် Jungkook သူ့ကိုမချစ်မှန်းလဲသိသလို သူ့ကိုလက်မထပ်ချင်တာလဲ Jimin ရိပ်မိမှာ အသေအချာပင်..သို့သော် နောက်မဆုတ်ဘဲ ဘာလို့ရှေ့ဆက်တိုးနေလဲဆိုတာ Jungkook တကယ်ပင် နားမလည်တော့ပေ...

Love Reborn {Completed}Where stories live. Discover now