Zawgi;
Jin-Jimin!!!!သူရဲ့အသံက အရမ်းအကျယ်ကြီးမဟုတ်သော်လဲ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ကြောင့် သူနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ Jimin ကြားနိုင်လောက်သည့် အနေအထားတော့ရှိသည်...ချက်ချင်းဆိုသလို Jimin သူရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်...သို့သော် Jimin သူ့ကို ဘာတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းတင်းတင်းစေ့လျက် ဒေါသမျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေလေသည်...သူကတော့ အပြစ်လုပ်သူပီပီ Jimin အကြည့်တွေကိုတောင် လက်မခံနိုင်ဘဲ ခေါင်းသာငုံ့ထားနေမိသည်...
သူ သေချာသိပါသည်..အခုချိန်ကစပီး သူ့ရှေ့မှာ ရပ်နေတဲ့ Park Jimin ဟာ သူ့ကို တရိုတသေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တဲ့ Park Jimin မဟုတ်တော့ဘူးဆိုတာ...
Jimin မပြောမဆိုနဲ့ အိမ်ထဲဝင်သွားတော့ သူပါ လိုက်ဝင်သွားသည်...သူ အိမ်ထဲရောက်တော့ Taehyung ကိုမတွေ့..ဘယ်သွားနေတာလဲဆိုတာလဲ သူမစဉ်းစားနိုင်..Jimin ကလဲ ဧည့်ခန်းမှာ ထိုင်ပီး လက်သီးကို တင်းတင်းဆုပ်ထားသည်...သူလဲ အလိုက်တသိနဲ့ Jimin ရဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်...
Jimin-Hyung ဘာတွေလုပ်နေလဲဆိုတာရော ကိုယ့်ကိုကိုယ် သိလား...
သူ ဘာမှပြန်မဖြေခဲ့...
Jimin မဲ့ပြုံးတစ်ခုကို လက်ကိုင်ပြုထားလျက်...
Jimin-တကယ် မထင်ထားဘူး...ကျွန်တော်ပဲ တုံးတာလား..Hyung ပဲ သွက်နေတာလားတော့ မပြောတတ်ဘူး...
Jimin အသံက အနည်းငယ်သာ တုန်ရီနေပီး အေးစက်နေပေမဲ့ ဒေါသ ဘယ်လောက်ထွက်နေမယ်ဆိုတာ သူ ရိပ်မိပါသည်...
Jimin-ပြန်ပြောဦးလေ..ပြောဖို့စကား မရှိတော့ဘူးလား...
Jin-တောင်းပန်ပါတယ်...
Jimin ရယ်နေသည်..သို့သော် အသက်မပါဘဲ ခြောက်ကပ်နေလွန်းသည်...
Jimin-ဘာအတွက်လဲ..သူ့ကို နမ်းလိုက်မိလို့လား...ဒါမှမဟုတ် ကျွန်တော့် နောက်ကျောကို ဓားနဲ့ ထိုးခဲ့မိလို့လား...
Jin-ငါ သူ့ကိုချစ်တယ် Jimin...
ဘုန်း!!!
အသံကြားရာ နေရာကိုလှည့်ကြည့်လိုက်တော့ အိမ်တံခါးနားမှာ ရပ်နေတဲ့ Taehyung နဲ့ ကြမ်းပြင်ပေါ်မှာ တစ်နေရာစီ လိမ့်နေကြသော ပန်းသီးတွေ...
YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥