Zawgi;
Jungkook-Hyung ထမင်းသွားစားကြရအောင်...ထမင်းစားချိန် 12နာရီထိုးပီမလို့ Jungkook Company က အလုပ်တွေ လက်စသတ်ပီး ကြိုပြောထားခြင်းမရှိဘဲ ဆေးရုံကို ကားနှင့် အမြန်ရောက်လာကာ Jin အခန်းထဲဝင်လာပီး သူနဲ့ထမင်းစားဖို့ လာခေါ်ခြင်းဖြစ်သည်...သို့ပေမဲ့ Jin က ဘိုကင်လုပ်ထားတဲ့ လူနာများကို တစ်ယောက်ပီးတစ်ယောက် အဝင်ခံကာ ဆေးကုသနေလေသည်...
Jin-ငါ မအားဘူး Jungkook...
သူရဲ့ငြင်းပယ်မှုကြောင့် Jungkook မျက်နှာပျက်ယွင်းသွားသည်ကို လူနာ စမ်းသပ်မေးမြန်းနေတဲ့ သူ မမြင်လိုက်ပေမဲ့ သူ့ဘေးနားမတ်တပ်ရပ်ပီး Jungkook ကို မျက်တောင်မခတ် စိုက်ကြည့်နေတဲ့ Jimin ကတော့ အထင်အရှား မြင်လိုက်ရသည်...
Jungkook-Hyung ကလဲ ကျွန်တော်က Hyung နဲ့ထမင်းစားချင်လို့ ဒီအထိတောင် ရောက်လာတဲ့ဟာကို...
Jin-ဒီစာရွက်ကို ဆေးကောင်တာက Nurse ကိုပြပီး ဆေးသွားထုတ်လိုက်ပါ...
"ဟုတ်..ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ"
လူနာထွက်သွားပီးမှ Jungkook ဘက်လှည့်ကာ...
Jin-လူနာတွေ တန်းစီနေတယ်...ခုချိန် ငါထမင်းစားလို့မဖြစ်နိုင်သေးဘူး...
Jungkook-ဒါပေမဲ့ ထမင်းစားချိန်ရောက်နေပီလေ...
Jin-လူနာတွေတောင် ထမင်းမစားဘဲ ငါ့ဆီရောက်လာသေးတာပဲ...ကုသပေးမဲ့ငါက ဘာဖြစ်လို့ ထမင်းမစားဘဲမနေနိုင်ရမှာလဲ...ငါက လူနာတွေအတွက် အလုပ်လုပ်နေတာ...
Jungkook-ဒါဆို ကျွန်တော့်အတွက်ကရော...
Jin-မင်း ငါ့ကို နားလည်ပေးပါ...
နားလည်ပေးရပေါင်းများနေပီ Hyung....
ပြောချင်တဲ့ စကားလုံးတွေကို မြိုသိပ်ပီး ဟန်ဆောင်အပြုံးတစ်ခုတောင် မဖန်တီးနိုင်တော့ဘဲ သူက Jin အတွက် အဲ့လောက်တောင် အရေးမပါဘူးလားဆိုတဲ့ အတွေးတစ်ခုနဲ့အတူ ခေါင်းငြိမ့်ပီး အခန်းပြင်ထွက်လာခဲ့သည်...
Jungkook အခန်းပြင်ရောက်သွားသည့်အထိ သူတို့နှစ်ယောက်လုံး မျက်စိတစ်ဆုံး ကြည့်နေမိသည်...
Jin အခန်းဝနားက Nurse ကို ကြည့်ကာ...
Jin-နောက်ထပ် လူနာတစ်ယောက် ဝင်လာခိုင်းလိုက်ပါ...
YOU ARE READING
Love Reborn {Completed}
FanfictionZawgi; ဒုတိယ fic လေးပါနော်... ကိုယ်က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ပါဘူး Thanks you♥ Unicode; ဒုတိယ fic လေးပါနော်... ကိုယ္က Drama queen မလို့ Drama ပဲခင်းမှာပါ ဘယ်ကလေးကိုမှ အထိခိုက်ခံမှာမဟုတ်ဘူး Thanks you♥