Episode 9

1.8K 239 19
                                    

Zawgi;
Jin-ဘာ!!! ဦးနှောက်ကင်ဆာ နောက်ဆုံးဆင့်!!

"ဟုတ်တယ် အခုပဲ ဥက္ကဋ္ဌကြီးကို ဆေးရုံကားလာခေါ်သွားပီ..."

Jin-ဟုတ်ကဲ့ ဒါဆို ကျွန်တော် ဆေးရုံမှာပဲ စောင့်နေလိုက်တော့မယ်...

သူ ဖုန်းချပီးတာနဲ့ ခုံပေါ် အသက်မဲ့စွာ ထိုင်ချလိုက်သည်...သမက်တစ်ယောက်ဖြစ်တဲ့အပြင် ဆရာဝန်တစ်​ယောက်ဖြစ်တဲ့သူက ကိုယ့်ယောက္ခမရောဂါကိုတောင် မရိပ်မိခဲ့ဘူး...သိတဲ့အချိန်ကလဲ နောက်ကျသွားပီမလို့ အသက်ရှင်ဖို့ ရာခိုင်နှုန်းက ဘယ်လိုမှမျှော်လင့်လို့မရတော့ဘူးဆိုတာ သူအသိဆုံး...

ထိုအချိန် သူ့ခေါင်းထဲဝင်လာတာက Jeon Jungkook ဆိုတဲ့လူသား...သူ့လို သမက်တစ်ယောက်တောင် ဒီလောက်ထိ ယူကျုံးမရဖြစ်နေရင် မေမေသာလျှင် အရာအားလုံးလို့ခံယူထားတဲ့ Jungkook သာဆို ဘယ်လောက်တောင် ခံစားရမလဲဆိုတဲ့မေးခွန်းကို အဖြေမရှာရဲလောက်အောင် သူကြောက်ရွံ့နေမိသည်...

ဒါဟာ သူ့ဘဝရဲ့ ပထမဆုံး ကြောက်ရွံ့မှု~~~~

"ဒေါက်တာ ဥက္ကဋ္ဌကြီး အထူးခန်းရောက်သွားပါပီ..."

Jin-အင် အင် ငါ အခုချက်ချင်းလိုက်လာခဲ့မယ်...

သူ အတွေးနွံနစ်နေတုန်း Nurse တစ်ယောက်က လာပြောပြတာမလို့ ချက်ချင်းပဲ အထူးခန်းကို လိုက်သွားခဲ့သည်...တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်တော့ ဆေးရုံကုတင်ပေါ်မှာ ဘာအပူအပင်မှမရှိဘဲ အရာအားလုံးကို စွန့်လွှတ်နိုင်တယ်ဆိုတဲ့ အတွေးလေးနဲ့ သက်သောင့်သက်သာ လဲလျောင်းနေတဲ့ အေးချမ်းလှတဲ့ အမျိုးသမီး...

ခါတိုင်းဆို ဒီအမျိုးသမီးရဲ့ဖြစ်တည်မှုက သူရဲ့သောကတွေ ဝမ်းနည်းမှု​တွေကို တစ်ဝက်နီးပါး ဖြေလျော့နိုင်တဲ့အထိ အင်အားကြီးလွန်းပေမဲ့ အခုချိန်မှာတော့ နဲနဲလေးတောင် လျော့ကျမသွားပေ...ဒီအမျိုးသမီးရဲ့ ရှေ့ဆက်ကြုံရတဲ့ အကြောင်းကို တွေးမိတိုင်း Jeon Jungkook ဆိုတဲ့အကျိုးဆက်က ဖိတ်မခေါ်ဘဲ သူ့သွေးသားထဲထိ စိမ့်ဝင်လာသည်...

"သား အခန်းထဲဝင်လာလေ..ဘာရပ်လုပ်နေတာလဲ..."

Jin-ဟုတ်ကဲ့ မေမေ...

ဖြစ်လာမဲ့ အကျိုးဆက်တွေကို တံခါးဝမှာ ရပ်ပီး တွေးလိုက် ရင်မောလိုက်..တွေးလိုက် နာကျင်လိုက် အတုံ့အလှည့်ဖြစ်နေတဲ့သူသည် ဒီအမျိုးသမီးရဲ့ နွေးထွေးလှတဲ့အသံကြားမှ အလှဆုံးနဲ့ အနာကျင်ဆုံးပြုံးကာ ကုတင်ဘေးတွင် တင်ပလွဲထိုင်လိုက်သည်...

Love Reborn {Completed}Where stories live. Discover now