3 (•-.•)

8.5K 1K 24
                                    

Zawgyi

'အားရီ သူနဲ့တော်တဲ့ဖိနပ်တစ်ရံလောက်'

အိမ်အပြန်လိုက်ပို့ပေးရမလားလို့ မေးလာခဲ့သူရဲ့စကားကို ရှောင်းကျန့်က ခေါင်းညိမ့်ပြလိုက်ပြီးနောက် မြို့ပြင်နားက ဆင်ခြေဖုံးရပ်ကွက်ထဲက ဒီဖိနပ်ဆိုင်လေးရှေ့ကို ရောက်လာတော့တာပဲ။

~ရိပေါ် ဝမ်ရိပေါ်~ တဲ့ ဆိုင်ကယ်ပြိုင်ပွဲကလူနာမည်

ထိုလူနဲ့ပါတ်သတ်တာ ဘာဆိုဘာမှမသိပါပဲ အိမ်ပြန်လိုက်ပို့ပေးမယ်ဆိုတဲ့စကားကို လက်ခံလိုက်မိတာ။

အခုတော့ ကျန်းဝေ ခေါ်တုန်းက မလိုက်ဘူးလို့ငြင်းမိတဲ့ ဒီရပ်ကွက်သေးသေးလေးထဲ ရောက်လာရတော့တယ်။

အပြာလွင်လွင်ဆေးသုတ်ထားတဲ့ သစ်သားနဲ့ဆောက်လုပ်ထားတဲ့ ဖိနပ်ဆိုင်လေး…

ဆိုင်လေးက သေးသေးလေးပေမယ့် နာမည်ကြီး ဖိနပ် brand တွေအပြည့်ပဲ။

ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ဖိနပ်တွေကို ကြိုးတွေနဲ့ သီထားသလို လေထဲတွဲလောင်းချကာ ဆိုင်ခင်းထားတာ… တစ်ချို့ဖိနပ်တွေက ဖုန်တွေတောင်တက်နေပြီ။

'အဆိုးလေး ဒါက ဘာလဲ နောက်တစ်ယောက်လား'

'ဟာဗျာ မဟုတ်ရပါဘူး'

ဖိနပ်ဆိုင် အပြင်အဆင်ကို လှည့်ပါတ်ကြည့်နေတုန်း နောက်နားမှာ ဝမ်ရိပေါ်နဲ့ ဖိနပ်အသစ်ရှာနေတဲ့ဆိုင်ပိုင်ရှင်က အပြန်အလှန် ပြောနေကြတာ ဖြစ်တယ်။

သူပြန်လှည့်ကြည့်မိတော့ ပီကေဝါးနေတဲ့ ဝမ်ရိပေါ်က သူ့ကိုကြည့်နေတာနဲ့ မျက်လုံးချင်းဆုံတယ်။

~ပီကေ~ သူ့အတွက် ကန့်သတ်အစားအစာပဲ

အဖေက ပီကေဝါးတာ မကြိုက်ဘူး။ မျက်စိနောက်လို့တဲ့။ အဲ့ကတည်းက သူလည်း မစားရဲတော့တာ။ စကားနားထောင်တယ် ဆိုတာထက် အစားအတွက်နဲ့ အရိုက်မခံချင်တာလည်းပါတယ်။

'စားချင်လို့လား'

'ဟင်'

'အဟား အကြာကြီးကြည့်နေတော့ စားချင်လို့ထင်လို့လေ

မဟုတ်မှ ကျွန်တော့်နှုတ်ခမ်းက အကြည့်မလွှဲနိုင်လောက်အောင် ဆွဲဆောင်နေလို့လား'

Four_Leaf CloverWhere stories live. Discover now