Zawgyi
'ရှောင်းကျန့် ဂိမ်းဆော့တာ ရပ်ပြီး အိပ်ဖို့လုပ်'
'အဖေကလည်း'
'ဒုန်း!!!!'
စလာပြီ စလာပြီ ခုနလေးမှ ရုံးက စာရင်းတွေလုပ်ပြီးလို့ ထိုင်ရုံပဲရှိသေးတာကို…
ဂိမ်းမဆော့ရတာ ဘယ်နှ ခုနှစ် ထဲကလည်း…ခနဆော့ရတာကို တပွမ်ပွမ်နဲ့ ကြိမ်းဝါးနေတာ စိတ်ရှုပ်တယ်။
ထပ်ပြီး အဆူမခံချင်တော့တာနဲ့ ဂိမ်းစက်ကို ဖြစ်သလိုပိတ်ချပြီး အပေါ်ထပ်က သူ့အခန်းထဲ သွားလိုက်ရတော့တယ်။ရှောင်းကျန့်တို့ သားအဖနှစ်ယောက် ဖြစ်နေတာကို မီးဖိုခန်းထဲကနေ ရှောင်းကျန့်အမေက ကြည့်ပြီး သက်ပြင်းချတယ်။
သားကို သွားလေရာ တပူးတတွဲတွဲ ခေါ်သွားတယ်။ ပြီးရင် တည့်လားဆိုတော့လည်း မတည့်ဘူး။ မတည့် အတူနေ ဆိုတာ ဒီသားအဖတွေကိုပြောတာ။
ခုလည်း သားကို အတင်းအိပ်ခိုင်းပြီး သူကတော့ ဧည့်ခန်းထဲ အလုပ်ဆက်လုပ်နေပြန်တယ်။
ပြင်ဆင်ထားတဲ့ နို့ခွက်ကို ယူပြီး ဧည့်ခန်းထဲ အလုပ်ဆက်လုပ်နေတဲ့ ရှောင်းကျန့်အဖေဆီ ထွက်လာလိုက်တယ်။
'ဖေကြီးရယ် ကလေးက ခုမှဆော့ရတာ နားလည်ပေးလို့ မရဘူးလား'
နို့ခွက်ကို ကမ်းပေးလိုက်ရင်း ရှောင်းကျန့်အခန်းထဲ ရောက်သွားတာ သေချာမှ ရှောင်းကျန့် အမေလည်း ယောင်္ကျား လုပ်သူကို နားချဖို့ လုပ်ရပါတယ်။
'ခုချိန် အလင်းရောင်လျှော့ကြည့်ထားမှ စောစော အိပ်ပျော်မှာပေါ့ကွ
အဲ့ဒီ screen ကလာတဲ့အလင်းကြောင့် မျက်စိလဲပျက်တယ် အိပ်မပျော်တာတွေလည်း ဖြစ်တတ်တာ မင်းမသိဘူးလား'
'ဒါတော့ ဒါပေါ့ရှင် ကလေးပဲ…'
'မင်း ဝင်မရှုပ်စမ်းပါနဲ့ ဘာ ကလေးလဲ! သူနဲ့ရွယ်တူ ငါ့သူငယ်ချင်းသားတွေ ဘယ်လောက်ထက်မြက် လိုက်သလဲ။
ငါငယ်ငယ်ကရော ဒီလိုအခြေအနေရောက်လာဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့လဲဆိုတာ မင်းမျက်မြင်ပဲ
မင်းသား အလှည့်ကျမှ ခုထိ တောက်! ပြောရင်း အားမလိုအားမရ ဖြစ်တယ်။
ဖအေ ကနောက်က တစ်ပူပူ တစ်ဆူဆူ လုပ်ပေးနိုင်မှ'
YOU ARE READING
Four_Leaf Clover
FanficYizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is just imagination. Hence, if there is something inappropriate, please forgive me. Final Update - 13.Oct...