35 (*-.*)

7K 922 34
                                    

Zawgyi

'ရှောင်းကျန့် !!!!!!!!!!!'

အိမ်ရှေ့ကနေ အာခေါင်ခြစ်ပြီး အော်ခေါ်သံ!

'ဝမ်ရိပေါ်'

အခန်းထဲက ထွက်ဖို့ အလုပ်မှာ အပြင်ကနေ ပိတ်ထားတာမှန်း သိလိုက်ရတယ်။

ရှောင်းကျန့်ကို အဖေက အိမ်ပြန်ခေါ်လာခဲ့တာ… အခြေအနေအမှန်သိရဖို့နဲ့ ရှောင်းကျန့်ကိုယ်တိုင် ခြေချုပ်ကျပြီး ဘယ်မှသွားခွင့်မရှိတာမျိုး မဖြစ်ရလေအောင် အဖေ့ရှေ့မှာ အလိုက်အထိုက်နေနေတာ…

အမေကတော့ အဖေခွင့်မပြုတဲ့ကြားကနေ ရှောင်းကျန့်ကို ခဏ ခဏ လာကြည့်တယ်။ အမေက အဖေ့အပေါ် မလွန်ဆန်နိုင်ပေမယ့် ရှောင်းကျန့် ဘက်မှာ ရှိနေအောင် အတတ်နိုင်ဆုံး စည်းရုံးနေရတယ်။ အခုချိန်အမေက သူ့ဘက်က ရှိမနေပေးနိုင်ရင်တောင် ရှောင်းကျန့် တောင်းဆိုလာတဲ့အချိန် ရပ်တည်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်ထိ အဖေက ရှောင်းကျန့်ကို ချုပ်နှောင်ထားတာမျိုး မလုပ်ခဲ့ဘူး။

အခုမှ အခုမှ lock ချခံရတာ… ကြည့်ရတာ ဝမ်ရိပေါ်က အာမခံရသွားပြီးလို့ သူတို့ရဲ့ အိမ်ကလေးမှာ ရှိမနေတော့တဲ့ ရှောင်းကျန့်ကို လာခေါ်ပြီထင်တယ်။

'ရှောင်းကျန့်!!!!! ထွက်လာခဲ့ပါ!!!!!! ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါ!!!!!'

အော်ဟစ်နေတဲ့အသံတွေကြောင့် ရှောင်းကျန့်ဟာ ငြိမ်ငြိမ်မနေနိုင်တော့! လှောင်အိမ်ထဲ ပိတ်ခံထားရတဲ့ ကျားရိုင်းလိုပဲ!

အပြင်က လူရဲ့ အသံကြားလေ ဆက်ပြီး သည်းခံ မနေနိုင်တော့… မခံမရပ်နိုင် နာကျင်သလို ငိုတာမဟုတ်ပါပဲ ပါးပြင်တစ်ခုလုံး မျက်ရည်တွေ စိုရွှဲနေပြီ။

'အမေ သားကို တံခါးဖွင့်ပေးပါ!!!!'

'ဒုန်း!!! ဒုန်း!!! အမေ့!!!'

အိမ်ရှေ့ကနေ ယောက်ျား သုံးလေးယောက်အသံ အောအောကြီးတွေနဲ့ ကြုံးဝါး အော်ဟစ် သံတွေ ပိုပြီး ဆူညံလာတယ်။

'အမေ့!!!!!! တောင်းပန်ပါတယ် ကျေးဇူးပြုပြီး'

တုန့်ပြန်မှုမရှိတဲ့နောက် အခန်းထဲက မြင်မြင်ရာ ပါတ်ကြည့်မိတော့ စားပွဲပေါ်မှာ ပန်းအိုးတောင်မရှိ။ အံဆွဲတွေ အကုန်ဆွဲဖွင့်ပြီး အလောတကြီး ရှာဖွေမိတော့ လက်ထဲပါလာတဲ့ ball pen တစ်ချောင်း…

Four_Leaf CloverWhere stories live. Discover now