20 /)/)

8.9K 1K 89
                                    

Zawgyi

နို့ကို ခွက်အကြီး ရဲ့ သုံးပုံတစ်ပုံလောက်ထိပဲ ဖြည့်ပြီး microwave ထဲထည့်ကာ အပူပေးထားလိုက်တယ်။

'ခဏ စောင့်ပေးဦး။ first aid kit သွားယူဦးမယ်'

အဖျားကျဆေးနဲ့ အကိုက်အခဲ ပျောက်ဆေးကို ရှောင်းကျန့်ကိုယ်တိုင် ဝယ်ထည့်ထားတာမို့ ဝမ်ရိပေါ်ကို တိုက်ဖို့ အဆင်ပြေလောက်မှာ။

ရှောင်းကျန့်က အရှေ့သွား အနောက်ပြန်နဲ့ အလုပ်ရှုပ်နေပေမယ့် နေမကောင်းတဲ့ ဝမ်ရိပေါ်က ထမင်းစားစားပွဲပေါ် ခေါင်းတစ်ခြမ်းစောင်းတင်ပြီး ရှောင်းကျန့်လုပ်သမျှ မျက်စိမလွှဲလိုက်ကြည့်နေတယ်။

သိပ်မကြာခင်ပဲ ရှောင်းကျန့်က ဆေးသေတ္တာနဲ့ ထမင်းစားခန်းထဲ ပြန်ဝင်လာပြီး စားပွဲပေါ်တင်ကာ ဆေးရှာတော့တယ်။

'ကုန်ပြီ လျှံကျပြီလား မသိဘူး'

ဆေးရှာလို့ မပြီးသေး နို့ခွက်ပြန်ထုတ်ကြည့်ရတယ်။ တော်သေးတာပေါ့ လျှံမကျကုန်လို့။

ခွက်ကြီးထဲက နို့တွေကို mug ခွက်ထဲ ပြောင်းထည့်ပြီး ဝမ်ရိပေါ်ရှေ့ထိုးပေးလိုက်ကာ ဆေးဆက်ရှာဖို့လုပ်တယ်။

'ပူတယ်!'

ဝမ်ရိပေါ်က စားပွဲပေါ်က ခေါင်းမထောင်ပဲ ပြောနေတာ။

ရှောင်းကျန့်က လုပ်လက်စ ရပ်ပြီး ဝမ်ရိပေါ်ကို နားမလည်သလို ကြည့်နေရတယ်။

'ပူတာပေါ့ အခုမှ ထုတ်ထားတာလေ။ အအေးခံသောက်ပေါ့။'

'မှုတ်ပေး'

ဝမ်ရိပေါ်က သူ့ကို လုပ်ခိုင်းနေတာ။ အဖျားကြီးပြီး ခေါင်းမထောင်နိုင်လို့များလား။

'ခေါင်းမူးနေတာလား'

ရှောင်းကျန့်က ဝမ်ရိပေါ်အနားသွားပြီး နဖူးကို လက်ဖဝါးနဲ့ အုပ်ပြီး အပူထပ်စမ်းမိတယ်။ တော်တော်တော့ ပူနေတာ။ ဘယ်ကနေ ဘယ်လို ဒီလောက် စားမကုန်နိုင်တဲ့ ဗလကြီးက ကိုယ်ခံအားနည်းပြီး အဖျားဝင်လည်း နားမလည်ဘူး။ ပြီးတော့ အနွေးထည်တောင် ဝတ်မထားတာ။

ဝမ်ရိပေါ်ကို ငုံ့ကြည့်မိတော့ မျက်လုံးကို မှိတ်ပြီး မှိန်းနေပြန်တယ်။ မဖြစ်တော့… ဝမ်ရိပေါ်ဘေးနား ဝင်ထိုင်လိုက်ပြီး ဝမ်ရိပေါ်ကို သူ့အား မှီစေကာ ဆေးသောက်ဖို့ အိပ်မပျော်သွားစေရန် သတိအထပ်ထပ်ပေးပြီး နို့တွေအေးအောင် မှုတ်တိုက်ရပါတော့တယ်။ နို့နဲ့ ရောပြီး အဖျားကျဆေးပါ တစ်ခါတည်း တိုက်ပြီးမှ ဖျားရတဲ့အကြောင်း အရင်းမေးကြည့်ရတယ်။

Four_Leaf CloverWhere stories live. Discover now