Zawgyi
'လမ်းထိပ်ထိ လိုက်ပို့ပေးမယ်လေ''မလိုက်ရပါဘူးဗျာ'
ရှောင်းကျန့်တို့ရဲ့ အိမ်ကလေးက တောင်းကုန်းတစ်နေရာက ခြံစည်းရိုးကျယ်ကျယ်လေးနဲ့ ကာရံထားတဲ့ ထပ်ခိုးပါတဲ့ သစ်လုံးအိမ်လေး ဖြစ်ပါတယ်။ ဒီတောင်ကုန်းလေးကို ကွေ့ဝိုက်ပြီး လူနေအိမ် ခပ်ကျဲကျဲလေးတွေ စီစီရီရီ တည်ရှိနေသလို တောင်ကုန်းအခြေကစပြီး အပေါ်ပိုင်းရောက်တဲ့ထိ ကတ္တရာ လမ်းမဖောက်လုပ်ထားတယ်။
မိုး သိပ်မရွာပဲ နွေနဲ့ ဆောင်းရာသီကသာ 'လ' အတော်များများမှာ ကြီးစိုးနေတဲ့ ဒီဒေသအတွက် အိမ်ရှေ့ ကတ္တရာလမ်းမ ဟာလည်း ဖောက်လုပ်ပြီးစီးတဲ့ နေ့ကစပြီး အခုချိန်ထိ အသစ်အတိုင်း အပျက်အစီးမရှိ တည်ရှိနေပါတယ်။
ထိုလမ်းလေးအတိုင်း တောင်ကုန်း အခြေထိရောက်အောင် ဆင်းသွားမှ လမ်းဆုံးကတောင်ကုန်းအခြေမှာ မြို့ပြတွေနဲ့ ဆက်သွယ်ထားတဲ့ မိန်းလမ်းမ ကျယ်ကြီး ဆီရောက်မှာ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ လမ်းဆုံနေရာလေးဟာ မြို့ကလာတဲ့ bus လမ်းကြောင်းရဲ့ နောက်ဆုံး မှတ်တိုင် တည်ရှိတဲ့ နေရာလည်း ဖြစ်တယ်။
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ရဲ့ အိမ်ကလေးက တောင်းကုန်းအမြင့်ရဲ့ တစ်ဝက်လောက်မှာ တည်ရှိတာကြောင့် ရှောင်းကျန့်က မနက်ခင်း အလုပ်ဖို့ အဝတ်လဲနေတဲ့ ဝမ်ရိပေါ်ကို တောင်ကုန်းအခြေထိ လိုက်ပို့ ချင်လို့ ပူဆာပေမယ့် ဝမ်ရိပေါ်ဘက်က လက်မခံ ဖြစ်နေတာပါ…
'ငါ လိုက်ပို့ချင်တယ်လေ'
'မရဘူးလေး ခင်များရယ်… လိုက်ပို့ပြီးရင် တစ်ယောက်တည်း ပြန်လာရမှာလေ စိတ်မချဘူး'
YOU ARE READING
Four_Leaf Clover
FanfictionYizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is just imagination. Hence, if there is something inappropriate, please forgive me. Final Update - 13.Oct...