10 /)/)

8.7K 1K 71
                                    

Zawgyi

'သားငယ်လေး စားတော့မလား'

'ဟင့်အင်း ကျဲကို စောင့်ဦးမယ်'

'အမလေး ကြားသားမိုးကြိုးပါလား'

ရှောင်းကျန့် မသိမသာပဲ ဧည့်ခန်းထဲမှာ စာဆက်ဖတ်နေလိုက်တယ်။ အလုပ်များတဲ့ မိသားစုမို့ သူတို့မိသားစုဟာ လက်စုံစားတာ ရှားပါတယ်။ မနက်စာ နေ့လည်စာ ညစာ အကုန်လုံးကို အားတဲ့အချိန် စားကြတာများတယ်။ ဒါပေမယ့် အဖေရယ် ကျဲရယ် ရှောင်းကျန့်ရယ် ဘယ်အချိန်မှာ စားစား အနားမှာ အမေက အမြဲအဖော်ပြုပေးပြီး အထီးမကျန်အောင် နေပေးတတ်တာ သူတို့မိသားစု အစဉ်အလာ ဖြစ်နေပါပြီ။

အခုတော့ ရှောင်းကျန့်က ကျဲကိုစောင့်နေတယ်ဆိုလို့ အမေက အံ့သြသွားခဲ့တာ။

တကယ်တော့ ကိုယ့်အကြံနဲ့ ကိုယ်… ကျဲကို ဝမ်ရိပေါ်အကြောင်း အစ်အောက်မေးမလို့ စောင့်နေမိတာ။

သူနဲ့မတွေ့ဖြစ်တဲ့ နှစ်ပါတ်လောက် အတောအတွင်းမှာ ကျဲရဲ့ ရုံးခန်းထဲ စကားစမြည် ပြောတဲ့အဆင့်ထိ ရင်းနှီးသွားတဲ့ ဝမ်ရိပေါ်နဲ့ ကျဲနဲ့ ကြားက ဆက်ဆံရေးကိုလည်း လေ့လာချင်ပါတယ်။ ပြီးတော့ သူမသိသေးတဲ့ ဝမ်ရိပေါ် အကြောင်းတွေ ကျဲကပြောပြနိုင်မယ် ထင်ပါတယ်။

ဧည့်ခန်းထဲထိုင်ပြီး ဂျာနယ်ကို စိတ်မပါပဲ ဟိုလှန်ဒီလှန်နဲ့ အရုပ်တွေလိုက်ကြည့်နေမိတယ်။ ဗိုက်က ဆာလှပြီ။ ကျဲ ရေချိုးတာ ကြာလိုက်တာ။

တော်တော်ကြာ စောင့်လိုက်ပြီးနောင် အပေါ်ထပ်ကနေ ရေချိုးပြီး ဆင်းလာတဲ့ ကျဲကိုတွေ့လိုက်ရတယ်။

'ကျဲ ညစာစားတော့မှာမလား'

'အင်း ကျန့်ကျန့် စားပြီးပြီလား'

'ဟင့်အင်း ကျဲနဲ့ အတူစားမလို့'

'တကယ်! ငါတို့အကောင်ပေါက်လေး ဗိုက်ဆာနေရောပေါ့ လာလာ'

အဖေကလည်း ဆူဆူညံညံ သူတို့မောင်နှမ နှစ်ယောက်ကို တစ်ချက်လှည့်ကြည့်ပြီး အလုပ်ဆက်လုပ်နေတယ်။ အမေကတော့ အမြဲလိုပဲ စားသောက်ဖွယ်ရာတွေ မငြီးမငြူ ပြင်ဆင်ပေးရင်း ပြုံးနေတော့တယ်။

Four_Leaf CloverWhere stories live. Discover now