33 :-D

8K 919 53
                                    

Zawgyi

'ကျွန်တော် ပြန်တော့မယ်လေ ဒေါ်လေး'

'နေပါဦး! ရှောင်းကျန့် ဘာစားမလဲ'

အပြင်မှာ မှောင်ရီနေပြီ။

ဒေါ်လေးက တောင်ကုန်းထိပ်က ဘုရားကျောင်းကို အလည်လိုက်ခဲ့ပါ ဆိုလို့ ညနေကတည်းက လိုက်လာခဲ့တာ။ ဘုရားကျောင်း ရောက်မှ သိလိုက်ရတာက ဒေါ်လေးက ဘာသာမဲ့ ဖြစ်နေတာ။

ဟုတ်တိပါတ်တိ ကိစ္စ မယ်မယ်ရ ရ မရှိ ဟိုနားထိုင် ဒီနားထိုင် လိုက်နဲ့ အချိန်အတော်ကြာ ဖြုန်းတီးပြီးမှ တောင်ကုန်းထိပ်က ပြန်ဆင်းလာရတယ်။ အခုလည်း အိမ်ကို ပေးမပြန်သေးပဲ သူ့အိမ်မှာ အချိန်ဆွဲထားပြန်တယ်။

ရှောင်းကျန့်က ညနေဘက်ဆို တောင်ခြေက bus stop မှာထိုင်ပြီး ဝမ်ရိပေါ်ကို စောင့်ကြိုနေကြ။ ဝမ်ရိပေါ်က လာမကြိုဖို့ အမြဲဆူပြောတတ်ပေမယ့် စကားနားထောင်ရှာတဲ့ ရှောင်းကျန့်လေးက အမြဲသွားစောင့်တယ်။ ဒီနေ့တော့ ဒေါ်လေး ကောင်းမှုနဲ့ ဝမ်ရိပေါ်ကို တောင် သွားမကြိုလိုက်နိုင်။

အခုချိန်ဆို ဝမ်ရိပေါ်က အိမ်ပြန်ရောက်နေလောက်ပြီ။ အဖေတို့နဲ့ အဆက်အသွယ် ဖြစ်မှာစိုးတဲ့ အိမ်ထောင်ကြီးရှင်က ရှောင်းကျန့်ကို ခိုးလာကတည်းက ဖုန်းပေးမကိုင်တော့ အခုလို အချိန်မှ အကျိုးအကြောင်းတောင် ပြောထားလို့မရ။ ရှောင်းကျန့်ကလည်း မပူဆာ ခဲ့တာပါပါတယ်။ ဝမ်ရိပေါ်ရဲ့ ခံစားချက်ကို ရှောင်းကျန့် နားလည်တယ်။

ဝမ်ရိပေါ်အတွက်ဆို ရှိသမျှ လက်သည်းတွေအကုန်ဖွက်ပြီး တုံးချင်ယောင် ဆောင်ထားတဲ့ ကြောင်ကလေး အဖြစ်နဲ့ပဲ ဖြစ်ဖြစ် နေပေးပြီး စိတ်ဒဏ်ရာ ရထားသူကို သက်သာရာ ရအောင် လုပ်ပေးချင်ပါတယ်။

'မစားတော့ပါဘူး ဒေါ်လေး… အိမ်ကလူ ပြန်ရောက်နေလောက်ပြီ။ ဗိုက်ဆာရောပေါ့။ ကျွန်တော်က ရေတောင်မချိုးရသေးဘူးလေ။

အိမ်ကကြောင်ရော… အခုချိန်ဆို အိမ်လည်ကနေ ပြန်ရောက်နေလောက်ပြီ။ ခဏဆိုပြီး ထွက်လာတာ အစာခွက်တောင် မဖြည့်ခဲ့ရဘူး။'

ဒေါ်လေးက နံရံက တိုင်ကပ် နာရီကို တစ်ချက်မော့ကြည့်ပြီး အချိန်ထပ်ဆွဲမလို လုပ်နေတာနဲ့ အမြန်မတ်တပ်ရပ်လိုက်ပြီး…

Four_Leaf CloverWhere stories live. Discover now