7 :-)

9K 1K 68
                                    

Zawgyi

'အမေ ဒီထဲက ဗူးတွေရော'

'ရေခဲမုန့်တွေလား'

'အင်း'

'သားရဲ့ ကျဲ ယူသွားတယ်'

'ဟမ် ဘာလို့လဲ အဲ့ဒါ သား ice-cream တွေ'

'ဟုတ်ပါတယ် သားဟာပါ
ကျဲကျဲက သူ့ဆေးရုံ ဂျူတီရှိတော့ အစောကြီးထသွားတာ လမ်းမှာ ဝယ်စရာ ဆိုင်မဖွင့်မှာ စိုးလို့ ယူသွားတာပါ'

'အမေ ကလည်း ဒါပေမယ့် အဲ့ဒါ သားဟာလေ'

ရှောင်းကျန့်မျက်နှာက ရုတ်တရက် ငိုချတော့မလို နီဆွေးလာတယ်။ ဒီနေ့ ရုံးကို ရေခဲမုန့်ဘူးတွေသယ်သွား မှာပါဆိုမှ။ ရုံးသွားခါနီး အကုန်ပြင်ဆင်ပြီးကာမှ ဝမ်ရိပေါ် ပေးထားတဲ့ ရေခဲမုန့်ဘူးတွေ မရှိတော့တာ။

'အယ် ကလေးရယ် လမ်းမှဝင်ဝယ်သွားလေ
ရေခဲမုန့်လေးပဲကို'

'ဘယ်လိုလုပ်တူမှာလဲ အမေရဲ့ အဲ့ဒါ သား ice-cream တွေ သားဟာပါဆိုမှ'

ဝမ်ရိပေါ်က ညဘက်ကြီးထိ သိမ်းထားပြီး သူ့လက်ထဲ ခက်ခက်ခဲခဲ ထည့်ပေးခဲ့တာကို…

'ဘာဖြစ်နေကြတာလဲ'

အဖေပါ မီးဖိုခန်းထဲ ရောက်လာတယ်။

'ဖေကြီးရေ ရှင်ပဲကြည့်ပြော… သူဝယ်ထားတဲ့ ရေခဲမုန့်တွေ သမီးက ယူသွားလို့တဲ့'

'ဟမ်'

အဖေပါရောက်လာလို့ ရှောင်းကျန့်လည်း သောင်းကျန်းတာ အရှိန်လျှော့ပြီး ငြိမ်ကုပ် ခေါင်းငုံ့လိုက်ရတယ်။

'ဟယ်လို ကျန်းဝေ'

'……'

မော့ကြည့်တော့ အဖေက ကျန်းဝေကို ဖုန်းဆက်နေတာ။

'မင်းအကိုလေး ရုံးခန်းထဲက mini-fridge ထဲ ရေခဲမုန့်ဘူးတွေ ဖြည့်ထားလိုက်'

'……'

~မတူဘူး မတူပါဘူးဆို~ ရှောင်းကျန့် အော်ငိုချလိုက်ချင်တော့တယ်။

'ရှောင်းကျန့်'

'ဗျာ'

ရှောင်းကျန့်အမေက မအီမသာနဲ့ ရှောင်းကျန့်မျက်နှာကိုကြည့်ပြီး ပြုံးစစ ဖြစ်နေတော့တယ်။

Four_Leaf CloverWhere stories live. Discover now