8 (*-.*)

9K 1K 31
                                        

Zawgyi

ရှောင်းကျန့် ညဆယ်နာရီလောက်ကြီး အိပ်ယာပေါ် လူးလှိမ့်နေမိတယ်။ နောက်ဆုံး မအိပ်နိုင်တော့တဲ့အဆုံး အိပ်ယာပေါ်ငုတ်တုပ်ထထိုင်လိုက်ရတယ်။ ကုတင်ဘေးက စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ပြန်ယူလိုက်တယ်။ chat box ထဲဝင်လိုက်ပြီး လွန်ခဲ့တဲ့ တစ်ပါတ်ထဲက အေးခဲသွားတဲ့ conversation လေးတွေကို ပြန်ဖတ်မိတယ်။ ဒီညမှာပဲ ဒါကိုဖတ်မိတာ ဘယ်နှခေါက်မှန်းမသိတော့ဘူး။

ပြီးခဲ့တဲ့ တစ်ခေါက်က တွေ့ပြီးနောက်ပိုင်း ဝမ်ရိပေါ်က သူ့ကို ဆက်သွယ်မလာတော့တာ။ အခါတိုင်း ဖုန်းဆက်တာ စာပို့တာ တွေကို ဝမ်ရိပေါ် ဘက်ကပဲ စလုပ်တာ။ ခုလိုအေးစက်သွားတဲ့ အနေအထားမှာ ရှောင်းကျန့်ဘက်က စခေါ်ဖို့လည်း မလုပ်နိုင်ဘူး ဖြစ်နေတယ်။

ဝမ်ရိပေါ်နဲ့ ပါတ်သတ်တဲ့ တစ်လ ကျော်ကျော်အတွင်းမှာ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ညဆိုဖုန်းပြောဖို့ စာပို့ဖို့ အကျင့်လုပ်ပေးသွားသလို ဖြစ်နေတယ်။ ခုတော့ ရှောင်းကျန့်က အကျင့်ပါနေသလိုကို ညရောက်တိုင်း တစ်ယောက်သောသူဆီက ဖုန်းနဲ့ စာတွေ မျှော်နေတတ်တော့တာပဲ။ ဒါပေမယ့်လည်း တစ်ပါတ်ကျော်ကြာတဲ့ခုချိန်ထိ ဝမ်ရိပေါ်ဘက်က ဆက်သွယ်မလာခဲ့ပါဘူး။

ရှောင်းကျန့် လက်သည်းလေးတွေကို ကိုက်ဖဲ့ရင်း ဝမ်ရိပေါ် acc ထဲ ထပ်ဝင်ကြည့်မိတယ်။ update ဘာတစ်ခုမှ ရှိမနေတဲ့ acc လေးက ပိုင်ရှင်ရဲ့ လျစ်လျူရှူခံထားရသလိုကို ဖြစ်နေတာ။ ဖုန်း contact ထဲဝင်ပြီး 'ဝမ်ရိပေါ် ' လို့ ရိုးရိုးရှင်းရှင်း နာမည်ကို ဖိနှိပ်လိုက်တယ်။ နောက်တစ်ဆင့်အနေနဲ့ ဖုန်းရုပ်ပုံလေးကို ထိလိုက်ရင်ပဲ ဖုန်းခေါ်ခြင်းဟာ အထမြောက်တော့မှာလေ။ ဒါပေမယ့် မထိရဲတော့ပဲ homekey နဲ့ပဲ ပြန်ထွက်လာလိုက်တော့တယ်။

နေပါစေတော့…

အဲ့ဒီနေ့က သူလွန်သွားတာလား။ ဝမ်ရိပေါ် စိတ်မကောင်း ဖြစ်သွားမလားလည်း မပြောတတ်ဘူး။ ခုချိန်ထိ မဆက်သွယ်ပုံ ထောက်ရင် ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့ မပါတ်သတ်ချင်တော့တာနေမှာ။

ဝမ်ရိပေါ်က 'ရည်ရွယ်ထားတဲ့သူရှိလား' မေးတဲ့အချိန်မှာ  ဘာရယ်မဟုတ် ရှောင်းကျန့်စိတ်ထဲ အရွဲ့တိုက်ချင်စိတ်လေး ကြီးစိုးနေတယ်။ ကျန်းဝေပြောတဲ့ 'ရည်းစားတွေအများကြီးပဲ' ဆိုတဲ့စကားကို အဲ့အချိန်တုန်းက နားထဲစွဲနေတာလည်းပါပါတယ်။ နောက်ပြီး ဝမ်ရိပေါ်နဲ့ တွဲပြီးတွေ့တဲ့ကောင်မလေးတွေ တခြားတစ်ယောက်နဲ့ ဖုန်းပြောနေခဲ့တဲ့ ဝမ်ရိပေါ် ပုံရိပ်တွေ မျက်လုံးထဲ ဝင်လာတယ်။

Four_Leaf CloverWhere stories live. Discover now