32 :-)

8.3K 1K 67
                                        

Zawgyi

'ဘယ်ရောက်သွားတာလဲ'

အလုပ်သွားဖို့ ဆိုင်ကယ်သော့ ရှာတော့ သော့က ထားနေကျနေရာမှာ မရှိတော့။ ကုတင်ဘေးက စားပွဲရဲ့ အံဆွဲထဲမှာ သေချာထည့်ထားတာပါ။

'ရှောင်းကျန့်!!! ဆိုင်ကယ်သော့ တွေ့မိသေးလား'

ပြန်ဖြေသံမကြားတာနဲ့ အခန်းပြင်ထွက်လာတော့လည်း အကောင်ပေါက်က ရှိမနေ။ အခါတိုင်းဆို သူအလုပ်သွားခါနီး အငြိမ်မနေ မွှေနှောက်နေ တတ်တာလေ။ သူသွားတဲ့နောက် ပါတ်လိုက်နေကျသူက အစအနတောင် မတွေ့။ အခုတော့ သော့ရှာရတာတမျိုး လူရှာရတာ တမျိုး ဖြစ်နေတယ်။

dining room ထဲလဲ ရှိနေကျ သူ့အတွက် နေ့လည်စာ ချိုင့်ပါ ပျောက်နေတယ်။ မရှိတော့တာလား။ ပြင်ဆင်မထားတာလား။

လူက ထူပူပြီး တစ်ခန်းဝင် တစ်ခန်းထွက် အမြန်ရှာမိတယ်။ ရှောင်းကျန့် ရုတ်တရက် သူ့အရှေ့က ပျောက်ကွယ်သွားမှာမျိုးကို သေလောက်အောင် ကြောက်ပါတယ်။ ချွေးတွေချက်ချင်းရွှဲသွားတဲ့ ကျောပြင်က သူဘယ်လောက်ပူပန်ရသလဲ ဆိုတဲ့ သက်သေပဲ။

လွန်ခဲ့တဲ့ တစ်ခေါက်ကလို ထားသွားခံရတယ်ဆိုတဲ့ ခံစားချက်က အခုချိန်ထိ အမြဲတမ်းအိမ်မက်ဆိုးလို လွှမ်းမိုးနေတယ်။

အိမ်ထဲမှာ ရှာမရတဲ့အဆုံး အိမ်ဝ တံခါးကို ဆွဲဖွင့်မိတော့မှ…

ခြံတံခါးနားမှာရှိတဲ့ မနက်စောစော ဝမ်ရိပေါ် ထုတ်ထားတဲ့ ဆိုင်ကယ်ပေါ်မှာ နေ့လည်စာချိုင့်ကို ပိုက်ပြီး စောင့်နေတဲ့သူကို တွေ့လိုက်ရတယ်။

အကောင်ပေါက်က ဝမ်ရိပေါ်ကိုတွေ့တော့ သော့ကို မြှောက်ပြပြီး

'ရှောင်းကျန့်ကလူလည်ပါ သူ့ကိုအိမ်မှာချန်ထားခဲ့လို့ မရဘူး´ ဆိုတဲ့ မျက်နှာပေးနဲ့!

မနက်အလုပ်သွားခါနီးတိုင်း အပြင်ထွက်ချင်တဲ့ ရှောင်းကျန့်က တောင်ကုန်အောက် အဆင်းကို ကျန်ခဲ့မှာစိုးတာနဲ့ ဒီလို အကျင့်ဖြစ်လာတော့တာပဲ။

အနားကို ခြေလှမ်းကျဲကျဲနဲ့ အမြန်လှမ်းကာ ပွေ့ပိုက်ထားမိတယ်။

ရှောင်းကျန့်က မနက်တိုင်း လိုက်ချင်နေတော့တာ။ နောက်ပိုင်းကျရင်တော့ ရှောင်းကျန့်နဲ့ ဆိုင်ကယ် တစ်ပါတ်ပါတ်စီးနိုင်ဖို့ အလုပ်သွားမယ့်အချိန်ကိုပါ စောဖို့လိုအပ်နေပါပြီ။

Four_Leaf CloverWhere stories live. Discover now