Zawgyi
လေဆိပ် security gate မှာ ဖြတ်ရတာ လွယ်အောင် ရှောင်းကျန့်က လွယ်လွယ်ကူကူ အဖြူရောင် shirt လက်ရှည်ပွပွနဲ့ ဘောင်ဘီရှည် ပွပွသာ ဝတ်ဆင်လာခဲ့တယ်။ ကျဲ ရဲ့ စေ့စပ်ပွဲကိုတော့ suit လဲပြီးမှ သွားဖို့ရည်ရွယ်ခဲ့တာ။
အခုတော့ သူရဲ့ ပေါ့ပေါ့ပါးပါး ဝတ်လာတဲ့ ပုံစံကြီးကို အရမ်းသားနားနေတဲ့ ဝမ်ရိပေါ် က တွေ့သွားပြီ။ အနည်းဆုံးတော့ ဝမ်ရိပေါ်ရှေ့မှာ ကြွကြွရွရွလေး ရှိနေချင်ပါတယ်ဆိုမှ!
ကားပေါ်က ဆင်းလာတဲ့ mask တပ်ထားတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို ခေါင်းအစ ခြေအဆုံးကြည့်နေလို့ ယောင်ရမ်းပြီး လက်နဲ့ ကိုယ့်လည်ပင်းကို ပွတ်သပ် ထိကိုင်မိပြီး အကြည့်လွှဲလိုက်မိတယ်။
ဝေးကွာပြီးလို့ ဝမ်ရိပေါ်နဲ့ ပြန်ဆုံတဲ့အကြိမ်တိုင်းမှာ ရှောင်းကျန့်က ရှက်စိတ်ဆိုတဲ့ အလွှာလေးတစ်ခု ခြားထားသလို ကြောက်အမ်းအမ်း ဖြစ်သွားရတတ်တယ်။ စိတ်ထဲမှာ စိုးရိမ်စိတ် ဝမ်းနည်းစိတ်တွေနဲ့ လွမ်းတဲ့စိတ်တွေ ပြည့်သိပ်နေသည့်တိုင် ဝမ်ရိပေါ်ကို သူ့ဘက်က စပြီး ခေါ်ပြော မေးမြန်းဖို့ မတတ်နိုင်ဘူး ဖြစ်နေတယ်။
နောက်ဆုံးတော့ ခေါင်းငုံ့ပြီး နေရာကမရွှေ့ပဲ ရပ်နေတဲ့ ရှောင်းကျန့်ရဲ့ အနားကို ဝမ်ရိပေါ် ဘက်ကပဲ စလှမ်းလာတယ်။
YOU ARE READING
Four_Leaf Clover
FanfictionYizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is just imagination. Hence, if there is something inappropriate, please forgive me. Final Update - 13.Oct...