Zawgyi
ရှောင်းကျန့် အိပ်ယာနိုးတော့ ဝမ်ရိပေါ်က အိပ်ယာပေါ်မှာ မရှိတော့… အိပ်ပုပ် ဝမ်ရိပေါ်ကလေ… အစောကြီးထပြီး ဘယ်သွားတာလဲ…Rosedale မှာကတည်းက ဝမ်ရိပေါ်အကျင့်ကို သူကောင်းကောင်းသိပါတယ်။ ညဘက်တွေဆို ညဉ့်နက်အောင် နေတတ်တဲ့ ကောင်လေးက မနက်ဖက်ဆို ရှောင်းကျန့် နောက်မှ အမြဲနိုးတတ်တာလေ…
'ရေချိုးနေတာများလား'
အိပ်ယာပေါ်ကဆင်းကာ ရေချိုးခန်းကို ဖွင့်ကြည့်မိတော့ အသစ်စက်စက်အတိုင်းပဲ! လူက ရှိမနေတော့…
'ဟုတ်သားပဲ ရေမတူးရသေးဘူး ပြောထားတယ်'
သူတို့အိမ်လေးက တစ်ထပ် သစ်လုံးအိမ်လေးကိုမှ ကြယ်တွေကြည်ဖို့ ထပ်ခိုးသေးသေးလေးလည်း ရှိပါတယ်… ညက ဝမ်ရိပေါ်နဲ့အတူ အိမ်အတွင်းပိုင်းကို တစ်ပါတ်ကြည့်ပြီးပေမယ့် ခြံထဲတော့ မဆင်းရသေးတာ…
အခန်းတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တော့ မီးဖိုခန်းထဲ အလုပ်ရှုပ်နေတဲ့ အဒေါ်ကြီး တစ်ယောက်ကို တွေ့လိုက်ရတယ်။ ရှောင်းကျန့်က မလှုပ်မယှက် မတ်တပ်ရပ်နေပြီး စူးစမ်းနေတုန်း အဒေါ်ကြီးက ပြန်လှည့်ကြည့်လာတယ်…
'နိုးပြီလား'
'……… ဟုတ်'
'ဗိုက်ဆာရင် စားလို့ ရပြီနော်… အားလုံးပြင်ပြီးပြီ'
'……'
အဒေါ်ကြီး စကားကို ခေါင်းညိမ့်ပြလိုက်ပြီး ပျောက်နေတဲ့သူကို မေးသင့် မမေးသင့် စဉ်းစားနေမိတယ်…
'ဘာလုပ်နေတာလဲ ရေချိုးတော့လေ'
'ဟုတ်… ဟို ဟို… သူရော'
YOU ARE READING
Four_Leaf Clover
FanfictionYizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is just imagination. Hence, if there is something inappropriate, please forgive me. Final Update - 13.Oct...