Zawgyi
dining room ထဲမှာ ဝမ်ရိပေါ်အပါအဝင် မိသားစုအစုံအလင် နေ့လည်စာ စားဖြစ်ကြတယ်။ ဒါက ရှောင်းကျန့်နဲ့ ဝမ်ရိပေါ် ပြန်တည့်ပြီးနောက်ပိုင်း လူစုံတက်စုံ တွေ့ရတဲ့ နေ့လည်စာပါ။ အရင်ကတော့ ငါ့ကိုသူရှောင် သူ့ကိုငါရှောင်နဲ့ စားချင်တဲ့အချိန် ဝင်စားကြတာ။
အဖေက စားပွဲထိပ်မှာထိုင်ပြီး အဖေ့ရဲ့ ညာဘက်မှာ အမေနဲ့ရှောင်းကျန့် ဘယ်ဘက်မှာတော့ ကျဲနဲ့ ဝမ်ရိပေါ် ထိုင်ကြတော့ သူနဲ့ ဝမ်ရိပေါ်က အလိုလို မျက်နှာချင်းဆိုင် ဖြစ်သွားရတယ်။
ရှောင်းကျန့်ကတော့ မျက်နှာချင်းဆိုင်က လူကိုမော့မကြည့်မိအောင် အစားပန်းကန်ထဲ ခေါင်းနစ်မတတ်ငုံ့ထားမိတယ်။ အကြောင်းက ဝမ်ရိပေါ်!
မနက်မိုးလင်းကတည်းက ဘာဖြစ်နေတယ်မသိ ရှောင်းကျန့်ကို မထိတထိ လိုက် 'စ' နေတယ်။ နားရွက်ဖျား လက်ဖျား ပုခုံးစွန်း နောက်ဆုံး ဂုတ်သားနဲ့ နှာဖျားတွေအထိ အနမ်းမမြည်တဲ့ အနမ်းတွေ! တစ်ဖြတ်ဖြတ်နဲ့ လစ်ရင်လစ်သလို နမ်းခံနေရတယ်။ တားလိုက်ရင်လည်း ပြောင်ချော်ချော် မျက်နှာပေးနဲ့ 'စတာပါ' တဲ့!
ပြောရခက်ခက် စိတ်ဆိုးရခက်ခက်နဲ့ ဟိုနားနမ်းခံရ ဒီနားနမ်းခံရနဲ့! ရှောင်းကျန့်မှာ သူ့ကိုရှောင်ရတာတစ်မျိုး လူကြီးတွေရိပ်မိမှာ တစ်မျိုး ဖြစ်နေရတယ်။ အဆိုးဆုံးက ကျဲကို! မျက်နှာပူလှပါပြီ။
ဝမ်ရိပေါ်နဲ့ ကျဲက အချင်းချင်း ဘယ်လို သဘောထားရှိနေလဲ မသိပေမယ့် ဒီအိမ်ကို ရောက်ပြီးကတည်းက ပုံမှန် အသိမိတ်ဆွေထက် မပိုတဲ့ ဆက်ဆံရေးမျိုးပဲ တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှောင်းကျန့်က အခုပုံစံ အနေအထားကိုတောင် လိပ်ပြာမလုံ ဖြစ်နေရတယ်။
အခုလည်း စားပွဲမှာထိုင်လိုက်ကတည်းက သူ့ရှေ့ကလူက မျက်စိတစ်ဖက်က အကြောလိုက်နေတယ်။ အစား တစ်လုတ်သွင်းပြီးတိုင်း တစ်ခါ မျက်စိမှိတ်ပြတယ်။ နှုတ်ခမ်းမှာလည်း ပြောင်စပ်စပ် အပြုံးက ရှိနေသေးတာ။ အဖေနဲ့ လူကြီးတွေက သူ့အာရုံနဲ့ သူမို့ တော်သေးတာပေါ့။ ကြာတော့ ရှောင်းကျန့်က မော့မကြည့်ရဲတော့ဘူး။
YOU ARE READING
Four_Leaf Clover
FanficYizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is just imagination. Hence, if there is something inappropriate, please forgive me. Final Update - 13.Oct...