Zawgyi
'ရှောင်းကျန့်!'
အနောက်ဘက်က ခေါ်လိုက်တဲ့အသံကြောင့် လူက လန့်ပြီး တုန်တက်သွားတယ်။ ဝမ်ရိပေါ်ရဲ့ အသံ...
ကိုယ်လုံးတွေ မလှုပ်စေပဲ ပါးပေါ်က မျက်ရည်တွေကို မရိပ်မိစေဖို့ အင်္ကျီလက်ဖျားနဲ့ အမြန်သုတ်လိုက်တယ်။
အဖေက ရောက်ဖို့ကြာဦးမှာလား ဒုက္ခပါပဲ။ သူခု ဝမ်ရိပေါ်နဲ့ စကားမပြောချင်သေးဘူး။ မျက်နှာမြင်လိုက်ရင် လှိုက်တက်လာမယ့် ဝမ်းနည်းစိတ်တွေကို ထိန်းနိုင်မယ် မထင်ဘူး။
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကျော်တက်ပြီး ရှေ့တည့်တည့်မဟုတ်တဲ့ မျက်စောင်းထိုး ယွန်းယွန်းမှာ ခြေစုံရပ်နေတယ်။ ခုနထိ အခန်းထဲမှာမို့ မသိသာပေမယ့် ခုတော့ ဝမ်ရိပေါ် ဆီက ချွေးနံ့လို ယောင်္ကျားဆန်တဲ့ အနံ့က ခပ်လှမ်းလှမ်းက သူပါရနေတယ်။
ဝမ်ရိပေါ်က ရပ်နေရာကနေ ရှောင်းကျန့်ဆီကို ခြေတစ်လှမ်း တိုးရပ်လာတယ်။
'ဘာနဲ့လာတာလဲ'
ဘာနဲ့လာတာလဲ? ဝမ်ရိပေါ်ကို ကြည့်ရတာ ကျဲနဲ့သူ့ရဲ့ ပါတ်သတ်မှုကိုတောင် မမေးပုံထောက်ရင် ကြိုသိပြီးသားပဲ။
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကြားမှာ အကြာကြီး တိတ်ဆိတ်သွားပြန်တယ်။ ရှောင်းကျန့်က စကားမပြောချင်သလို ဝမ်ရိပေါ်ကလည်း စကား စ မလာပဲ ဒီအတိုင်း အကြာကြီးရပ်နေကြတယ်။
အကြာကြီးငြိမ်သက်နေပြီးနောက် ဝမ်ရိပေါ်ဆီက သက်ပြင်းချသံ ပြင်းပြင်း ထွက်လာတယ်။ ပြီးတော့မှ သူ့ဘောင်းဘီ အိပ်ကပ်ထဲက ဆေးလိပ်ကို ထုတ်ယူလိုက်တာ မြင်လိုက်ရတယ်။
ရှောင်းကျန့်က ခုထိ ခေါင်းမဖော်တမ်း ငုံ့ထားတာမို့ ဝမ်ရိပေါ်ရဲ့ ဖိနပ်ဖြူဖြူကိုပဲ တွေ့နေရပြီး အနီးနားမှာ ရှိနေသူရဲ့ လှုပ်ရှားသံအကုန်ကို ရှင်းရှင်းလင်းလင်း ကြားနေရတယ်။ မီးခြစ်က ထွက်လာတဲ့ သတ္ထုအချင်းချင်းထိခတ်သံ နဲ့ ရှိုက်ယူသံအပြီးမှာ သူကြည့်နေတဲ့ မြင်ကွင်းထဲက ဆေးလိပ်ငွေ့တွေအပြည့် ဖုံးလွှမ်းသွားတယ်။
ဝမ်ရိပေါ်ကို ပီကေ ဝါးတာ ဖောက်တာပဲ တွေ့ဖူးတာ။ ဆေးလိပ်သောက်တတ်တဲ့ ဝမ်ရိပေါ်ကိုတော့ ခုမှတွေ့ဖူးပါတယ်။ အံ့သြလို့ စူးစမ်းသလို မော့ကြည့်မိတော့ ရှောင်းကျန့်ကို ကြည့်နေတဲ့ ရီဝေဝေ မျက်ဝန်းညိုညိုနဲ့ ဆုံတယ်။
YOU ARE READING
Four_Leaf Clover
FanfictionYizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is just imagination. Hence, if there is something inappropriate, please forgive me. Final Update - 13.Oct...