37 (*-.*)

8.9K 1K 117
                                    

Zawgyi

အသက်ပြည့်ပြီးသား နိုင်ငံသားတိုင်းအတွက် အိမ်ထောင်ရေးနဲ့ ပါတ်သတ်ပြီး ကန့်သတ်ချုပ်ချယ်ထားတဲ့ စည်းမျဉ်း ဥပဒေတွေ မရှိသော်လည်း အလိုမတူပဲ ခိုးယူပေါင်းသင်းမှုတွေ အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်မှုတွေ အတွက်တော့ ပုဒ်မတွေရှိနေပြန်တယ်။

ဒါကြောင့်မို့ အမှုရင်ဆိုင်ပြီဆိုကတည်းက စွပ်စွဲခံ တရားရင်ဆိုင်သူတို့ဘက်က ဒါဟာ လူငယ်ချင်း မေတ္တာမျှ လို့ ခိုးပြေးတဲ့ သာမာန် အိမ်ထောင်ရေးမျိုး ဖြစ်ကြောင်း သက်သေတွေ ရှာဖွေ တင်သွင်းရပြီး

တရားလိုဘက်ကတော့ တိုင်တန်းချက် အတိုင်း အလိုမတူပဲ ဖမ်းဆီးခေါ်ဆောင်တာ မှန်ကန်ကြောင်း သက်သေတွေတင်သွင်းပြီး

နှစ်ဖက်ရှေ့နေနဲ့ တရားသူကြီးအပါအဝင် ဧည့်ပရိတ်သတ်ရှေ့မှာ တရားခွင် ဝင်ကြရတာ ဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းဟာ နှစ်ဖက် သက်သေတင်သွင်းရတဲ့ နောက်ဆုံး ရုံးချိန်းဖြစ်ပြီး နောက်တစ်ခေါက် ရုံးချိန်းမှာတော့ သက်သေတွေအပေါ်အခြေခံပြီး တရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့အညီ စီရင်ချက် ချရမှာလည်း ဖြစ်တယ်။

ရုံးချိန် စ တင်ကတည်းက တရားလို ဘက်က သက်သေတွေ အမြောက်အမြား တင်သွင်းလာပြီး နှစ်ဖက် ရှေ့နေတွေ အပြန်အလှန်ချေပ လာကြရတာ ရုံးချိန်းရဲ့ ခွင့်ပြုချိန် တစ်ဝက်ကျိုးနေပြီဖြစ်ပါတယ်။

ဝမ်ရိပေါ်တို့ဘက်ကတော့ သက်သေရှာဖွေမထားတော့ပဲ ဒီတိုင်း ရုံးချိန်းလာတက်ရုံပဲ ရှိနေခဲ့ကြတယ်။ အကိုသုံးယောက်မှာ ဝမ်ရိပေါ်နဲ့ အတူ အဖော် တစ်ယောက်ရှိနေပြီး ကျန်နှစ်ယောက်က လေဆိပ်မှာ!

ဟုတ်တယ် လေဆိပ်မှာ… ဒီနေ့က ရှောင်းကျန့်ထွက်ချက်ပေးရမယ့် နောက်ဆုံး ခွင့်ပြုရက်မို့ မနက်အစောကြီး လေယာဉ်ကွင်း ဖွင့်ကတည်းက Canada က ဆိုက်မယ့် လေယာဉ်တွေနဲ့ ပါလာမယ့် ခရီးသည်တွေစာရင်းတွေကို ငွေအင်အား လူအင်အားသုံးပြီး ရှာဖွေစောင့်ဆိုင်းနေကြတာ ဖြစ်တယ်။

ဝမ်ရိပေါ်က ဘာမှမလုပ်ဖို့ တားပေမယ့် အကိုတွေကတော့ မသေချာတဲ့ အခြေအနေမှာ သူတို့လုပ်နိုင်တာ အားလုံး လုပ်ပေးနေကြတယ်။

Four_Leaf CloverWhere stories live. Discover now