38 (*-.*)

9.9K 1K 62
                                    

Zawgyi

'ဗိုက်ဆာနေပြီလား'

'ဟင့်အင်း အိပ်ချင်တယ်'

'လာ ဒီကို'

တရားရုံးကနေ အိမ်ပြန်ဖို့ အတွက် ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က ကားထဲ ရောက်နေပြီ။ လိုက်ပို့ပေးမယ်ဆိုတဲ့ အကို နှစ်ယောက်က ရောက်မလာသေး။

အချိန်အားဖြင့် ညနေစောင်းနေပါပြီ။ တရားခွင် ပြီးပြီးချင်း လက်ထပ်မှတ်ပုံတင်ဖို့လုပ်တော့ အမှုဖြစ်ထားတာမို့ ချက်ချင်းတင်ခွင့်မရသေးပဲ တရားသူကြီးနဲ့ ညှိနှိုင်းကာ နားလည်မှုနဲ့ တင်ခဲ့ရတော့တယ်။ ပျံ့သွားတဲ့ video အကြောင်းပြုပြီး စုပြုံလာတဲ့ သတင်းထောက်တွေကြောင့် သူတို့လိုတာထက်ပိုပြီး အလုပ်တွေ ရှုပ်ကုန်တာလည်း ပါပါတယ်။

ပြီးတာနဲ့ ဆေးရုံတန်းသွားပြီး ရှောင်းကျန့်အတွက် လိုအပ်တဲ့ Medical checkup နဲ့ ဆေးကုသဖို့ အစီအစဉ်တွေ လုပ်ရပါတယ်။ ပြနေကျဆရာဝန်နဲ့ မဟုတ်ပဲ ဝမ်ရိပေါ်က ဆရာဝန် လွှဲပြောင်းစေတာမို့ Patient History တွေ အစအဆုံး စုဆောင်းပြီး တာဝန်ယူပေးမယ့် ဆရာဝန် အသစ်ကို လွှဲအပ်ပေးရပြန်ပါတယ်။ နောက်တော့ ဆရာဝန်ခိုင်းတဲ့ ဆေးစစ်ခြင်း လုပ်ငန်းတွေ လုပ်ဆောင်ပြီးမှ ပြန်ဖို့ လုပ်ရပါတယ်။

တောက်လျှောက်အလုပ်ရှုပ်နေတာမို့ နေ့လည် ရုံးချိန်ပြီးကတည်းကနေ ညနေ ခြောက်နာရီခွဲရောက်မှ အိမ်ပြန်ဖို့ လုပ်ရပါတယ်။

ရှောင်းကျန့်က သူတို့ရဲ့ သစ်လုံးအိမ်ကလေးကို တန်းပြန်ချင်တယ်ဆိုတာနဲ့ မြို့ထဲက တိုက်ခန်းမှာ မနားတော့ပဲ ပြန်ဖို့ဖြစ်လာတယ်။

အခုတော့ ကားနောက်ခန်းထဲမှာ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က ကားမောင်းပို့ ပေးမယ့်သူတွေကို စောင့်နေကြတယ်။

'မအိပ်လိုက်နဲ့ဦး အိပ်ဖောက်ပျက်မှာစိုးလို့'

နဖူးက ဆံပင်တွေကို သပ်တင်ပေးပြီး ဖွဖွလေး နမ်းမိတယ်။

'အင်း'

Flight အကြာကြီးစီးခဲ့ရတာရော တရားခွင် အတွေ့အကြုံတွေကြောင့်ရော တနေကုန် လှည့်ပါတ်သွားလာ နေရတာတွေကြောင့်ရော ရှောင်းကျန့်က နွမ်းလျလျ ဖြစ်နေပြီး အနားယူချင်နေတော့တယ်။

Four_Leaf CloverWhere stories live. Discover now