1 :-)

16.8K 1.1K 37
                                    


Zawgyi

~မိုးစဲသွားပြီပဲ~

တစ်ညနေလုံးရွာတဲ့မိုးက ခုထိ ဖွဲဖွဲလေး ကျဆင်းလို့ ကောင်းတုန်းဖြစ်တယ်။ မှန်ပြတင်းကို ဖွင့်လိုက်ပြီး  သံပန်းတပ်ဆင်ထားလို့ အပေါက်တွေထဲက လက်ထုတ်ပြီး  မိုးရေဖွဲဖွဲကို လက်ခုပ်နှစ်ဖက်နဲ့ ခံယူနေမိတယ်။ မိုးလေ အေးအေးက ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်ပြီး တိုက်ခတ်လာတဲ့အခါ အေးမြမြ ခံစားချက်က စိတ်ကို လန်းဆန်းသွားစေသလို။ ခုနထိ ပင်ပန်းလွန်းလို့ စားပွဲပေါ်မှောက်အိပ်ထားရလို့ နောက်ကျိကျိ စိတ်တွေအားလုံးက လက်ခုပ်ထဲ ခုန်ဆင်းနေတဲ့ မိုးစက်လေးတွေကြောင့် သက်သာရာ ရလာတော့တယ်။

~မင်းကတော့ ငါ့ရဲ့ ဖြစ်တည်မှုကို အသိအမှတ် ပြုပေးမယ်မလား~

လက်ခုပ်ထဲက မိုးရေစက်တွေကို ကြည့်ရင်း ခပ်ကြောင်ကြောင် စကား ဆိုမိတယ်။ ရူးတယ်ပဲ ဆိုပါစေ မိုးစက်လေးတွေကပဲ ဖြစ်ဖြစ် မနက်ဖြန်တိုင်းမှာ သူ့အတွက်ကံကောင်းမှုတွေ သူ့အပေါ်နားလည်ပေးမှုတွေ သယ်ဆောင် လာပေးဖို့ မျှော်လင့်မိပါတယ်။

~လွတ်လပ်ခြင်း ဆိတ်ငြိမ်ခြင်း နားလည်ခြင်း~

အရမ်းလှတဲ့စကားလုံးလေးတွေ… ပြီးတော့သူနဲ့မသက်ဆိုင်တဲ့ စကားစုတွေ…

တိတ်ဆိတ်တဲ့ပါတ်ဝန်းကျင်ထဲ နာရီသံ တချက်ချက်နဲ့ မိုးသံဖျောဖျောက်တို့ကသာ လွှမ်းမိုးနေတယ်။

'ကလင်…… ကလင်…… ကလင်……'

ရုတ်တရက် အိမ်အောင်ထပ်က ဖုန်းသံမြည်လာတာကြောင့် အခန်းထဲက အမြန်ပြေးထွက်ပြီး အသံငြိမ်သွားစေဖို့ အပေါ်ထပ်ကို extension ဆွဲထားတဲ့ ဖုန်းကို ချက်ချင်းကိုင်လိုက်ရတယ်။

အဖေနိုးသွားရင် ထပ်ပြီး ဆူခံထိဦးမှာ သိနေတာကြောင့် တတ်နိုင်သမျှ အသံမထွက်စေချင်ပါ… နေ့လည်ကမှ ကျောင်းမှာ ပထမ လဝက် အဆင့်ငါးဆင့်ကျသွားလို့ ပါးဘယ်ညာကို ငါးချက်ထိုးခံရထားတာ… မျက်နှာက ထပ်ပြီးအထိမခံ နိုင်လောက်အောင် ဖူးယောင် နေပြီ။

'ဟယ်လို…'

'ဟယ်လို! အကိုလေး'

'အင်း ကျန်းဝေ အရေးမကြီးရင် မနက်မှ…'

Four_Leaf CloverWhere stories live. Discover now