22 :-)

8.6K 1K 93
                                    

Zawgyi

'ငါ့ကိုလွှတ်!!!'

ခွပ်!

ဝမ်ရိပေါ် မျက်နှာက လည်ထွက်သွားရတယ်။ ရှောင်းကျန့်က သူ့ကိုလှုပ်မရအောင် ချုပ်နမ်းနေလို့ ထိုးလွှတ်လိုက်ပေမယ့် အခုမှ ဘာလုပ်ရမယ်မသိ ကြောက်လန့်လာတယ်။

မျက်နှာ လည်ထွက်သွားတဲ့ ဝမ်ရိပေါ်က ထိုးခံလိုက်ရတဲ့ ပါးတစ်ဖက်ကို လျှာနဲ့ထိုးပြီး အပြင်ဘက်ကနေလက်နဲ့အုပ်ထားတယ်။ အကြည့်စူးစူးတွေက အသားနာသွားတဲ့ ကျားရိုင်းလိုပဲ။ ဒေါသအရှိန်မပျယ်သေးတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ထပ်သွားပြီး ဆွမိတာ။

ရုတ်တရက် ဝမ်ရိပေါ် လက်သီးက မြောက်တက်လာလို့ မျက်လုံးစုံမှိတ်ပြီး အော်လိုက်မိပြီး လူတစ်ကိုယ်လုံးလည်း တုန်တက်သွားတယ်။

ဒုန်း!!!!!

ထင်သလို လက်သီးချက်က သူ့မျက်နှာဆီမရောက်ပဲ သူ့မျက်နှာနားက နံရံမှာ!

သူ့ရှေ့တည့်တည့်က လူက ရှူးရှူးရှဲရှဲနဲ့ အသက်ရှူသံတွေပြင်းထန်နေသလို အံကြိတ်သံကြီးကိုလည်း အကျယ်ကြီး ကြားနေရတယ်။ အခုမှ ရှောင်းကျန့်က ကြောက်ရကောင်းမှန်း သိသလို အပြင်ပြေးထွက်ဖို့ လုပ်တယ်။

'ဘယ်ကိုပြေးမှာလဲ'

အံကြိတ်ပြီးပြောတဲ့ ဝမ်ရိပေါ်က ပြောပြီးတာနဲ့ ရှောင်းကျန့်ရဲ့ ခါးကနေ ဆွဲမပြီး အိပ်ယာဆီသယ်သွားတယ်။ ဝမ်ရိပေါ်ရဲ့ ကိုယ်ပေါ်မှာ ကော့လန်ထိုးပြီး ဆင်းဖို့လုပ်နေတဲ့ရှောင်းကျန့်ကို အိပ်ယာဆီပြစ်ချပြီး မလွှတ်တမ်း ဖိချုပ်ပြီး ဖက်ထားတယ်။

'ဝမ်ရိပေါ် ငါ့ ငါ့ကို အတင်းအကြပ်မလုပ်နဲ့နော်  မကြိုက်ဘူး ငါမကြိုက်ဘူးလို့!!!'

'ချော့နေတုန်းကရော ရလားပြော!!! အမြဲတမ်း ဝေးဖို့ပဲ တွေးနေခဲ့တာ မဟုတ်ဘူးလား!!!!'

ဝမ်ရိပေါ် အော်ပြောတော့မှ အတင်းရုန်းကန်နေတဲ့သူက မျက်ရည်တွေ ဝဲလာတော့တယ်။

ရှောင်းကျန့်က အနိုင်ကျင့်သလို ခံစားရ ရင် ငိုတတ်တာဟိုးအရင် တွေ့ခါစ ကတည်းက! တွေးချင်ရာတွေးပြီး ထင်ချင်ရာထင်တယ်။ ဂျီကျတယ် ဂျစ်တိုက်တယ် ဂလန်ဂဆန်လုပ်တယ်။ ဘယ်လိုမှ မနိုင်တော့ဘူးဆိုရင် ငိုတယ်။

Four_Leaf CloverWhere stories live. Discover now