27 (*-.*)

9.8K 1K 86
                                        

Zawgyi

'အဲ့ဒါဆို ငါပြန်တော့မယ် ဝမ်ရိပေါ်'

'အင်း'

'ဟိုကောင်လေး နိုးလာလို့ လိုအပ်တာရှိလည်း ပြောပေါ့'

'အင်း'

ဝမ်ရိပေါ်နဲ့ အဒေါ်ကြီး တစ်ယောက် အိမ်တစ်အိမ်ရဲ့ ခြံဝမှာ စကားပြောနေကြတာ။

အိမ်တစ်အိမ်! အင်း… တိတိကျကျ သတ်မှတ်ရ ရင် ဝမ်ရိပေါ်နဲ့ သူ့အနာဂါတ်လေးတို့ရဲ့ အိမ်!

ပြီးတော့ ဒီအဒေါ်ကြီးက သူ့အဖေရဲ့နောက်အိမ်ထောင်ပါ။ အတူရှိခဲ့စဉ်က အချိန်ရှိတိုင်း ရန်ဖြစ် မျက်နှာချင်းဆိုင်မရအောင် မျက်မုန်းကျိုးခဲ့ပေမယ့် အခုလို အဖေမရှိတဲ့နောက်ပိုင်းမှာတော့ ဝမ်ရိပေါ် လိုအပ်သမျှ တတ်နိုင်သလောက် ကူညီပေးနေတဲ့ မိသားစုဝင်ဟောင်း ဖြစ်နေပါတယ်။

ပါစပ်ဖွာပြီး အပြောအဆိုကြမ်းပေမယ့် စိတ်ရင်းတော့ ကောင်းရှာပါတယ်။

ဒီလို ဝေးလံခေါင်ဖျားပြီး လူမသိသူမသိနေရာကသာ သူနဲ့ ရှောင်းကျန့်ရဲ့ ဇစ်မြစ်ကို မရှာဖွေနိုင်အောင် ဖုံးဖိနေနိုင်လိမ့်မယ်လို့ ဝမ်ရိပေါ်က ယုံကြည်တယ်။ ဒါကြောင့်လည်း ဒေါ်လေးကို အကူအညီတောင်းပြီး ဒေါ်လေးရဲ့ မွေးရပ်မြေ ဒီဒေသမှာ ခဏလောက် အခြေချဖို့ စဉ်းစားခဲ့တာ။ ပြီးတော့ ဒီဒေသက လူတွေက ဝမ်ရိပေါ်ကို မသိကြတဲ့အတွက် သူ့အတွက်တော့ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ပြီး ရှင်သန်နေနိုင်မယ့် နေရာလည်း ဖြစ်တယ်။

အချိန်ကြာလို့ မြို့ပေါ်မှာ သတင်းတွေငြိမ်တဲ့အချိန်မှ ရှောင်းကျန့်သာ ဆန္ဒရှိခဲ့ရင် အိမ်ပြန်ပြောင်း ဖို့ စိတ်ကူးလေးလည်း ဝမ်ရိပေါ်မှာ ရှိနေပါတယ်။

'အဲ့ဒါဆို ငါသွားပြီ'

ခေါင်းညိမ့်ပြလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် အဒေါ်ကြီးက ဝမ်ရိပေါ်ကို နောက်ခိုင်းပြီး သူ့အိမ် သူပြန်ဖို့ ထွက်သွားပြီ။ လက်ထဲက အိမ်သော့ ခြံသော့ အခန်းသော့ ဂိုထောင်သော့ စတဲ့ သော့ အတွဲလိုက်ကြီးကို ငုံ့ကြည့်ပြီးမှ တော်တော် ဝေးဝေးက အမယ်အိုရဲ့ ကျောပြင်ကို ပြန်ကြည့်မိတယ်။

Four_Leaf CloverWhere stories live. Discover now