Zawgyi
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရှောင်းကျန့် ညသန်းခေါင်ကြီး အိမ်မက်ဆိုးမက်ပြီးလန့်နိုးလာရတယ်။ အိမ်မက်ထဲမှာရေနစ်ပြီး အသက်ရှူလို့မရအောင်မွန်းနေခဲ့တာ။
အိမ်မက်ကလန့်အနိုးမှာ လက်တွေ့မှာလည်း အသက်ရှူကြပ်နေခဲ့တယ်။ အကြောင်းက ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲရောက်နေခဲ့လို့။ အိမ်မက်ထဲမှာ ရေနစ်သလိုလက်တွေ့မှာလည်း ကြွက်သားတွေထဲနစ်နေရတယ်။
တစ်ဖက်လူကမသိပေမယ့် ရှောင်းကျန့်မျက်နှာတစ်ခုလုံးရဲရဲဆွေနေပြီ။ ညကသေသေချာချာကို သတိထားပြီးဘေးကပ်အိပ်ခဲ့တာပါ။ ဘယ်လိုကနေဘယ်လို အအိပ်ကြမ်းပြီးခုလို အနေအထားဖြစ်သွားလဲမသိဘူး။
ဝမ်ရိပေါ်က သူ့လက်မောင်းကြွက်သားကြီးတွေကြား ရှောင်းကျန့်တစ်ကိုယ်လုံးကို တင်းကြပ်နေအောင်ညှပ်ဖိထားတယ်။
ရှောင်းကျန့်ကသာ ညအိပ်အင်္ကျီအပြည့်အစုံဝတ်ထားပေမယ့် ဝမ်ရိပေါ်ကစွပ်ကျယ်နဲ့! ရှောင်းကျန့်လက်ဖဝါးနဲ့ထောက်မိထားတဲ့ ရင်အုပ်ကြီးတွေကအင်္ကျီတွေကိုဖြဲပြီးထွက်လာတော့မလားထင်ရအောင်တင်းကြပ်နေတာ။
ညဘက်ကြီးကို ဒီလောက်အင်္ကျီအကြပ်ကြီး ဝတ်အိပ်စရာလား…သက်တောင့်သက်သာမဖြစ်လိုက်တာ…ဝမ်ရိပေါ်ကသူ့ရဲ့ ကြီးမားလာတဲ့ ကြွက်သားတွေကို အလှပြပြီးတစ်ဖက်လူကို သိမ်ငယ်အောင်လုပ်နေတယ်။
ဒီသုံးနှစ်အတွင်းထွားလာလိုက်တာ… အရင်ကလို ခပ်ပိန်ပိန်လေးမဟုတ်တော့ဘူး… ကြွက်သားတွေသူ့နေရာနဲ့သူ ထည်ထည်ဝါဝါနဲ့ကို ခန့်ညားလာခဲ့ပြီ။ ပြီးတော့တော်တော်လည်း စားနိုင်လာတယ်။ ညစား စာပွဲမှာ ရှောင်းကျန့်ချက်ထားသမျှ ဒင်းလက်ချက်နဲ့ကုန်တာပဲ။ အပိုတစ်စိမှမထွက်အောင် အကုန်စားသွားတာ။ ခုတော့ခရီးပန်းတာရော အစာဆိပ်တက်တာရောပေါင်းပြီး ရှောင်းကျန့်တစ်ယောက်လုံး ဘေးနားရှိနေမှန်း တောင်သတိမထားပဲ အိပ်နေတော့တယ်။
YOU ARE READING
Four_Leaf Clover
FanfictionYizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is just imagination. Hence, if there is something inappropriate, please forgive me. Final Update - 13.Oct...
