Zawgyi
ရှောင်းကျန့် ရုံးကပြန်လာတော့ အိမ်ရှေ့ portico အောက်မှာ ရပ်ထားတဲ့ ကားတစ်စီးကိုတွေ့ရတယ်။ ဒီကားက အိမ်က ကားမဟုတ်ပါဘူး။ ဘယ်သူရောက်နေတာလဲ။
အဲ့ဒီကားက အိမ်ဝင်ဝမှာ မကျမန ရပ်ထားတဲ့အခြေအနေကြောင့် ရှောင်းကျန့်လည်း ကားကို လွတ်တဲ့နေရာရပ်ခဲ့ပြီး ပြီးတော့မှ ပြန်ရွှေ့ဖို့ လုပ်ခဲ့ရတယ်။
အိမ်ထဲရောက်တော့ ဆီးကြိုနေကျ အမေက ရှိမနေဘူး။
'အမေ့ အမေ့'
အိမ်တစ်ပါတ်ပါတ် အော်ခေါ်ရင်း နောက်ဆုံး အမေက အပေါ်ထပ်ကနေ လက်လှမ်းပြလာတယ်။
မသိဘူး အိမ်ပြန်ရောက်လို့ အမေ့ကိုမှ အရင်မတွေ့ရ ရင် ဘာလိုနေမှန်းမသိတာ။ ကျောင်းတက်ကတည်းက အိမ်ပြန်ရောက်လို့ အမေ့ကိုမတွေ့ရင် တကြော်ကြော် အော်ခေါ်ရင်း အိမ်တစ်ပါတ်ပါတ်နေကျ။ အိမ်က လူတွေလည်း သူ့အကြောင်းသိတော့ ပြန်ရောက်တာနဲ့ အမေ့ကို ခေါ်ပေးတတ်ကြတယ်။
ပြောရ ရင် ရှောင်းကျန့်က အမေချစ်သားလေး
အဖေကိုတော့ သိပ်မချစ်ဘူး။ အမြဲတမ်း ဆူခံ ရိုက်ခံ ပြောခံ ကျဲနဲ့ရော သူ့မိတ်ဆွေသားတွေနဲ့ပါ နှိုင်းပြောခံရလွန်းလို့ မချစ်တော့ဘူး။ အဖေအတွက် သူ့ခံစားချက်က ကြောက်တာတစ်ခုတည်းပဲ။
'အမေ့ ဘယ်သူရောက်နေတာလဲ
ကားကြီးကို ရပ်ထားတာ ကန့်လန့်…''ရှူး…'
'……'
အမေက နှုတ်ခမ်းပေါ် လက်ညိုးကန့်လန့်တင်ရင်း တိုးတိုးနေဖို့ သတိပေးလာတာ။
'ပြန်ရောက်တာနဲ့ အော်ဟစ်နေရော လာလာ'
'အမေ့ကိုမှမတွေ့တာကို'
'ဟုတ်ပါပြီ လာလာ, သားငယ်လေး အဖေလေ ရုံးကနေ အစောကြီးပြန်လာတာ သွေးပေါင်တွေ ထိုးတက်နေလို့'
'ဟင်'
'ဟုတ်တယ် သူက မူးတယ်ဆိုပြီး အိပ်ယာထဲ လှဲအိပ်နေတာ အမေက မသင်္ကာလို့ blood pressure တိုင်းကြည့်မှ တက်နေမှန်းသိပြီး ဆရာဝန် အမြန်ပင့်ရတယ်'
'အခုရော'
'မှိန်းနေတယ်ကွယ်
ဆီးတစ်ခေါက်သွားထားတော့ ပြန်ကျမယ်ထင်တာပဲ
ဆရာဝန်လည်း အဆင်သင့်ရှိတယ်'
YOU ARE READING
Four_Leaf Clover
Fiksi PenggemarYizhan Every single photo in this fiction does not belong to the author. I deeply respect and fully credit to the owners of these photos. This is just imagination. Hence, if there is something inappropriate, please forgive me. Final Update - 13.Oct...