25 /)/)

8.9K 1K 67
                                        

Zawgyi

'ဒေါက်! ဒေါက်!ဒေါက်! ရှောင်းကျန့်!!! ဒေါက်!'

ရှောင်းကျန့် တစ်ယောက် တစ်ညလုံး ထိုင်ငိုနေရာကနေ မနက် ငါးနာရီထိုးခါနီးမှ အိပ်ပျော်သွားတာ… အိမ်မက်ထဲမှာလို အပြင်မှာ လိုလို ခေါ်သံကြောင့် မျက်လုံးကို အတင်းပြူးပြဲပြီး နာရီကြည့်မိတော့ ငါးနာရီ ဆယ်မီနစ်! သူက အိပ်ချိန် ဆယ်မိနစ်အတွင်းမှာပဲ ပြန်နိုးလာရတာ…

တံခါးကို တဒေါက်ဒေါက် ခေါက်သံတွေနဲ့ ခေါင်းတွေလည်း နောက်ကျိနေတယ်… လုပ်သမျှ နှေးနှေးကွေးကွေး နဲ့အသိစိတ်မကပ်သလို ကြောင်တောင်တောင် နဲ့ အိပ်ယာပေါ် ဆက်ထိုင်နေမိပြန်တယ်။

'ဒေါက်! ဒေါက်! ဒေါက်! ဒေါက်!'

တံခါးခေါက်သံဆက်တိုက်မြည်လာပြီးတဲ့နောက် အိပ်ယာကနေ ကုန်းရုန်းဆင်းပြီး တံခါးဖွင့်ဖို့လုပ်ရတော့တယ်။

တံခါး လက်ကိုင်ကို လှည့်မိရုံရှိသေး အပြင်က အားတစ်ခုနဲ့ ဆောင့်ဖွင့်တာ ခံလိုက်ရပြီး ရှောင်းကျန့်ဟာလည်း ရင်ခွင်တစ်ခုထဲ ရောက်သွားတယ်။

ရေမွှေးနံ့ ချွေးနံ့ နဲ့ ဆေးလိပ်နံ့ရောနေတဲ့ ရင်ခွင်ကျယ်…

~ဝမ်ရိပေါ်~

သူတို့ ညက ရန်ဖြစ်ထားတာ မဟုတ်ဘူးလား… ရှောင်းကျန့် တောင် တစ်ညလုံး ထိုင်ငိုနေရတာလေ…

နောက်တော့ ရုန်းရကောင်းမှန်းမသိ အိပ်ချင်းမူးတူး ဖြစ်နေတဲ့ ရှောင်းကျန့်ကို အိပ်ယာပေါ် လှဲချပြီး ဝမ်ရိပေါ်က နမ်းပါတော့တယ်… မျက်နှာတစ်ပြင်လုံးကို ဖွဖွလေး တစ်မျိုး ဖိကပ်တာတစ်မျိုး နမ်းနေပြီး နှုတ်ခမ်းတွေကို စုပ်ယူနေတယ်။

အသက်ရှူ မဝ ဖြစ်လာတဲ့ ရှောင်းကျန့်က သတိဝင်သလို သူ့အပေါ်က လူကို ပုတ်ပြီး သတိပေးမှ ဝမ်ရိပေါ်က လွှတ်ပေးပါတယ်။

အခုအခြေအနေကို နားမလည်နိုင်ဘူး။ ရန်ဖြစ်ထားတဲ့လူက ရုတ်တရက် အခန်းထဲဝင်လာပြီး သရဲစီးသလို နမ်းနေတာ… ပြီးတော့ ပါစပ်ထဲမှာ ဝမ်ရိပေါ် သောက်ထားတဲ့ ဆေးလိပ် အရသာကြီးတောင် စွဲနေပြီ… ဘယ်လောက်တောင် ထိုင်သောက်နေတယ် မသိဘူး။

Four_Leaf CloverWhere stories live. Discover now